အခန်း ၁၇/ သက်တော်စောင့်ခွေး

230 32 10
                                    

-တကယ့်တုံးပဲ-

ဝေ့လျန် တရေးတမောအိပ်ပြီး ပြန်နိုးလာချိန်တွင် နေမွန်းတည့်နေပြီဖြစ်သည်။ အိပ်ရာခင်းနှင့် ပိုးဖဲစောင်များဟာ နွေးလွန်းသည့်အတွက် ဝေ့လျန်တစ်ယောက် မထချင်ဖြစ်နေပြီး ဟိုလှိမ့်သည်လှိမ့်ဖြင့် ဆက်လူးလှိမ့်နေလိုက်သည်။ ချင်ဧက
ရာဇ်ကဲ့သို့ နေပူမရှောင် မိုးရွာမရှောင် နံနက်ခင်း ဝေလီဝေလင်းအချိန်ကြီး ထ၍ တော်ဝင်ရုံးတော်တက်ရသည့်အဖြစ်ကို တွေးမိရုံဖြင့် ဤဘဝတွင် ဧကရာဇ်ဖြစ်လိုစိတ်မရှိတော့ပေ။

အိပ်ရာထဲမှာ နေမြင့်တဲ့အထိ လူးလှိမ့်ပြီး အိပ်နေတာကောင်းဘူးလား..ဘာဖြစ်လို့ ခေါင်းရှုပ်စရာကောင်းတဲ့ အလုပ်တွေကို အပင်ပန်းခံလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရမှာလဲ

"လျန်သခင်လေး နိုးလာပါပြီလား"

အစေခံမိန်းကလေးက ဝေ့လျန် ဝတ်ရမည့် အ
ဝတ်အစားများကို သေသေသပ်သပ် တင်ပေး
သည်။ ဝေ့လျန် တစ်ချက်ကြည့်လိုက်ရာ ဤယနေ့အတွက် တာဝန်ကျသော အစေခံမိန်းက
လေးက ကျူးချွေ့မဟုတ်ကြောင်း တွေ့လိုက်ရသည်။ သူမှတ်မိသ၍တော့ ထိုမိန်းကလေးဟာ ချင်ဧကရာဇ်မင်း ဝတ်ရုံလဲရာတွင် အမှုထမ်းရသော ကျူးယွဲ့ဟူသည့် အစေခံမိန်းကလေးဖြစ်လိမ့်မည်။ ကျူးယွဲ့သည် အစေခံများကြားတွင် မက်မွန်ပွင့်လေးကဲ့သို့ တမူထူးခြားသော အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။ ချင်ဧကရာဇ်ရှေ့တွင် ထိုကဲ့သို့ ငယ်ရွယ်ပျိုမျစ်သော မိန်းမလှလေးတစ်ဦး တာဝန်ထမ်းဆောင်နေသော်လည်း စိုးစဉ်းမျှ  အသိအမှတ်ပြုမခံရပေ။

ချင်ဧကရာဇ်ကတော့ တကယ်ကို လေးစားထိုက်တဲ့ *လျှို့ရှားဟွေ့ပေါက်စပါပဲလား

ဝေ့လျန် အဝတ်အစားများကို ဇိမ်ပြေနပြေ လဲဝတ်နေချိန်တွင် ကျူးယွဲ့က စကားတစ်ခွန်းမျှမဆိုဘဲ ခေါင်းငုံ့ရပ်နေသည်။

"မင်း ငါ့ကို ပြောချင်တာတစ်ခုခုရှိနေပုံပဲ"

နောက်ဆုံးတွင် ဝေ့လျန်သည် ခါးစည်းကြိုးကို ခပ်လျော့လျော့ ချည်နှောင်ပြီး ကျူးယွဲ့ကို နော
က်တစ်ကြိမ် ကြည့်လိုက်သည်။ ။ ကျူးယွဲ့သည် ဝေ့လျန်က သူမ၏ စိတ်ခံစားချက်ကို ပါးနပ်စွာ အကဲခတ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခြင်းကြောင့် ခြေလက်များ တုန်ယင်သွားရသည်အ
ထိ ထိတ်လန့်သွားသည်။ သူမက ခေါင်းငုံ့မြဲငုံ့ထားရင်း ပြန်ဖြေသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now