အခန်း ၉/အဆောင်တော်အပြောင်းအလဲ

377 67 2
                                    

-ဝေ့လန်ကစိတ်ဝင်စားဖို့ကောင်းတဲ့ယော
ကျာ်းပဲ-

ဝေ့လျန်က ပြန်လျှောက်တင်၏။

"တော်ဝင်ရုံးတော် အရေးကို အတင့်ရဲစွာ ခန့်မှန်းမိတဲ့ အပြစ်အတွက်  ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးဖို့ အရှင်ဧကရာဇ်ကို တောင်းဆိုပါရစေ"

ကျီယွယ့် : "ကောင်းပြီ"

သို့နှင့် ဝေ့လျန်လည်း ပွင့်ပွင့်လင်းလင်း ရှင်းပြတော့သည်။

"ဒီနေ့ တော်ဝင်ရုံးတော်က ပြန်ရောက်လာတဲ့အချိန် အရှင်ဧကရာဇ်ရဲ့ မျက်နှာပေါ်မှာ အတို
င်းသား မြင်နေရတာက အမတ်မင်းတွေ တင်
ပြခဲ့တဲ့ အစီရင်ခံစာကြောင့်ပဲ ဖြစ်ပါလိမ့်မ
ယ်။ကျွန်တော်မျိုးရဲ့ နားလည်မှုအရ ချင်အင်ပါယာဟာ တစ်ချိန်တုန်းက ယိုယွင်းပျက်စီးခဲ့ပြီး အရပ်သားတွေမှာ စိတ်ဆင်းရဲကြီးစွာ ဒု
က္ခတွေ ခံခဲ့ရပေမယ့် သြဇာအာဏာရှိတဲ့ ရာ
ထူးမြင့် ပုဂ္ဂိုလ်တွေကတော့ ကြွယ်ဝချမ်းသာခဲ့ကြတယ်။ဒါပေမယ့် အရှင်ဧကရာဇ် ထီးနန်းတက်ပြီးထဲက သစ္စာဖောက်တွေကို အပြစ်
ပေးပြီး မကောင်းမှုမှန်သမျှကို နှိမ်နင်းခဲ့တ
ယ်။တေမူဝါဒအသစ်တွေ ထုတ်ပြန်ပြီး ဒေသတွင်း အကျင့်ပျက်ခြစားမှုတွေကို ချေမှုန်းရ
င်း မျက်နှာသာပေးတာတွေ၊ ဘက်လိုက်တာတွေကိုလည်း တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့လို့ လက်ရှိ ချင်အင်ပါယာအတွင်း တည်ငြိမ်အေးချမ်းမှုကို ပုံဖော်နိုင်ခဲ့တယ်"

ကျီယွယ့်သည် စိတ်လည်း ကြည်မနေသလို ဒေါသလည်း ထွက်မနေချေ။

"ဝေ့ရှစ်ကျွင့်က ချူအင်ပါယာမှာ ကြီးပြင်းခဲ့ပေမယ့် ကိုယ်တော့် ချင်အင်ပါယာ အကြော
င်းကို လက်ဖဝါးပေါ်က လက္ခဏာကြောတွေလို စေ့စေ့စပ်စပ် နားလည်ထားတာပဲနော်"

ဝေ့လျန် အရိုအသေပြုလိုက်၏။

"အရှင်ဧကရာဇ်ရဲ့ ဂုဏ်အသရေက အင်ပါယာ ခြောက်ခွင်လုံးမှာ ကျော်ကြားလွန်းလို့ မကြားဖူးသူ မရှိသလောက်ပါပဲ"

"ကျော်ကြားတယ်ပေါ့?"

ကျီယွယ့်က ပြုံးနေပုံရသော်လည်း ပြုံးနေခြ
င်းမမည်သော အပြုံးမျိုးဖြင့်

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now