Chapter 4 (Unicode)

4.6K 403 37
                                    

မိုးနှောင်းချိန်၏ နောက်ဆုံးလက်ကျန် မိုးစက်‌လေးများထင်ပါရဲ့။

ရေစက် အမှုန်အမွှားလေးများ အသွင်ဖြင့် ညှို့မှိုင်းနေသော ကောင်းကင်ကြီးမှ မြေပြင်ပေါ်သို့ လှပစွာ ဆင်းသက်‌နေကြသည်။ ပတ်ဝန်းကျင်တခွင်ရှိ သစ်ပင်ကြီးများ၏ သစ်ကိုင်းသစ်ရွက်လေးတို့သည်လည်း မိုးရေစက်များနှင့် စွတ်စိုကာ ပုံမှန်အချိန်များထက် ပိုမို စိမ်းစိုပြောင်လက်နေကြသည်။

မိုးလေးဖွဲဖွဲ ရွာနေလို့ပဲလား။ ပတ်ဝန်းကျင်တဝိုက်သည် အခါတိုင်း အချိန်များထက် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

တိမ်ပြာ နိုးနေခဲ့ပြီဖြစ်သော်လည်း မျက်လုံးများ မဖွင့်သေးဘဲ မှေးနေလိုက်ကာ ဇိမ်ခံနေလိုက်သေးသည်။

မနေ့ညက ကိုကို့သီချင်းသံလေး နားထောင်ပြီး ကိုကို့ရင်ခွင်ထဲမှာ မှေးခနဲ အိပ်ပျော်သွားသည်။ အခုတော့ ကိုကို အိပ်ရာပေါ်မှာ မရှိတော့။ ကိုကို နိုးပြီထင်သည်။ ရေချိုးခန်းက အသံလည်း မကြားရဘူးဆိုတော့ ကိုကို အိမ်များ ပြန်သွားပြီလား။

တိမ်ပြာ အိပ်ရာပေါ် မျက်လုံးများမှိတ်ထားရင်း တွေးမိတွေးရာ တွေးနေစဉ်မှာပင် အခန်းတံခါးဖွင့်သံကို ကြားလိုက်ရသည်။

"တိမ်လေး..."

ကိုကို့အသံကို ကြားလိုက်တော့မှ တိမ်ပြာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကိုကို မပြန်သေးမှန်းသိလိုက်ရချိန်တွင် တိမ်ပြာ့ရင်ထဲ ပျော်ရွှင်ကြည်နူးသွားရသည်။

"အင်း...ကိုကို"

"ထတော့လေ။ ကိုးနာရီတောင် ထိုးတော့မယ်။ အိပ်ပုတ်လေးရဲ့"

ကိုကိုက တိမ်ပြာ့ခေါင်းလေးကို ပုတ်ကာ ဆံပင်လေးများထဲ သူ့လက်ချောင်းလေးများ သွင်းထည့်ကာ ဖွရမ်းလိုက်သည်။ ကိုကိုသည်လို ပြုမူလျှင် တိမ်ပြာ ရင်ထဲ တစ်မျိုးလေး ခံစားရသည်။ ကျေနပ်တာလိုလို...၊ ကြည်နူးတာလိုလို...။ ထိုခံစားချက်ကို တိမ်ပြာ အဓိပ္ပါယ် မဖော်နိုင်‌ပါ။

"အိပ်လို့ကောင်းတာကိုး ကိုကိုရဲ့။ ညတိုင်း ကိုကိုနဲ့ အိပ်ရရင် ကောင်းမှာပဲ"

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now