Special Episode ( Unicode)

7.1K 344 23
                                    

🎵 အဖြူရောင် စိတ်ကူး အဖြူရောင် အိပ်မက်… ဒီရင်မှာ မက်တာ ကြာခဲ့ပြီ…

အဖြူရောင်နေ့လေး... ‌ရင်ခုန်လို့တွေး… အာရုံပြင်လေးမှာ အရုပ်ရေးပြီး… မှန်းမျှော်ရည်…

လောကကြီးထဲ ကြင်နာသူနဲ့… ဘယ်အခါမှ မခွဲ… အတူတူလက်တွဲဖို့ရဲပါသည်…🎵

ဆရာကြီး ဦးရဲရင့်၏ ‘ပညာရဲရင့်’ ကိုယ်ပိုင်အထက်တန်းကျောင်း အနောက်ဘက်ခြမ်းရှိ အားကစားကွင်း၏ မြက်ခင်းစိမ်းကွင်းပြင်ကြီးဆီမှ တေးသံရှင် နီနီခင်ဇော်၏ Marry Me သီချင်းသံလေးသည် လေညှင်းသွဲ့သွဲ့၏ တိုးဝှေ့ဆော်သွေးမှုကြောင့် ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့‌လွင့်မျောလျက်ရှိသည်။

မြက်ခင်းစိမ်းကွင်းပြင်ကြီး၏ ပတ်လည်တဝိုက်တွင် စိုက်ပျိုးထားသည့် ပန်းပင်လေးများ၏ ဝတ်ရည်များကို စုပ်ယူသောက်သုံးနေသော လိပ်ပြာလေးများသည်ပင် တောင်ပံနှစ်လွှာကို ဖြန့်ကာဖြန့်ကာနှင့် သီချင်းသံစဉ်လေးများ၏ စည်းချက်အတိုင်း ဝဲလွင့်ကခုန် နေသယောင်ရှိသည်။

🎵 Marry Me… Marry Me

မင်းအနားလေး ရှိချင်ပါပြီ…

Marry Me… Marry Me

မင်းအနားလေး ရှိသင့်ပါပြီ…

သံသရာ အဆုံးထိ အတူ လှမ်းဖို့ အရေး… ရင်မှာ တွေး…ချစ်ခြင်းလေး…နှင်းအပ်ပါမည်... 🎵

သည်သီချင်းလေးသည် တိမ်ပြာ နှစ်သက်သည့် သီချင်းလေးတစ်ပုဒ် ဖြစ်သည်။ တစ်ချိန်က ကောင်းကင်သစ်ဆိုသည့် ခပ်ချောချော ကောင်လေးတစ်ယောက်ကို တစ်ဖက်သက် စွဲလန်းရင်ခုန်မိစဉ်အခါက ကောင်းကင်သစ်နှင့် တိမ်ပြာသာ လက်ထပ်ဖြစ်ခဲ့ကြရင် သည်သီချင်းလေးကို မင်္ဂလာခန်းမတွင် ဖွင့်ထားမည် ဟူ၍ တိမ်ပြာ စိတ်ကူးယဉ်ကာ ကြည်နူးလှိုက်ဖိုဖူးခဲ့သည်။ အခုတော့ တိမ်ပြာ၏ စိတ်ကူးအိပ်မက်များသည် အမှန်တကယ်ပင် အကောင်အထည်ပေါ်လာပါပြီ။

သည်ကမ္ဘာပေါ်တွင် တိမ်ပြာ့လောက် ပျော်ရွှင်ရသည့်သူ မရှိနိုင်တော့လောက်အောင် တိမ်ပြာ့ရင်ထဲ တလှိုက်လှိုက်နှင့် ပျော်မြူးကြည်နူးနေခဲ့ရသည်။ တိမ်ပြာနှင့်ထပ်တူထပ်မျှ ပျော်ရွှင်နေသူ နောက်တစ်ဦး ရှိနေပါသေးသည်။ ထိုသူမှာ ‌တိမ်ပြာ မြတ်မြတ်နိုးနိုး ချစ်ရသည့် ကောင်းကင်သစ်ပင် ဖြစ်ပါသည်။

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now