စာရေးသူမှ စာဖတ်သူသို့ ☁️ စာေရးသူမွ စာဖတ္သူသို႔

2.6K 145 1
                                    

☁️Unicode☁️

ကောင်းကင်သစ်၏ မိုးတိမ်ပြာဆိုတဲ့ အချစ်ဇာတ်လမ်းကလေးဟာ ကောင်းကင်ကြီးနဲ့ တိမ်ပြာ၊ တိမ်လွှာတို့ရဲ့ ဆက်နွှယ်မှုကနေတဆင့် ပေါက်ဖွားဖြစ်တည်လာတဲ့ ဇာတ်လမ်းကလေးရယ်ပါ။ ဒီဇာတ်လမ်းလေးကို ရေးဖို့ ကျောရိုးကို စဦးစားမိပုံကလည်း ရိုးရိုးလေးပါပဲ။ "တိမ်တိုက်ပြာတွေ ကင်းမဲ့တဲ့ ကောင်းကင်ကြီးဟာ ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်ရှိနိုင်ပါ့မလဲ" ဆိုတဲ့ ရိုးရှင်းတဲ့ အတွေးကလေး တစ်ခုကစပြီး ဖြစ်တည်ပေါက်ဖွားလာရတဲ့ ဇာတ်အိမ်ကလေးပါ။ ကာရိုက်တာလေးတွေအတွက် နာမည်တွေ စဉ်းစားတော့လည်း ထွေထွေထူးထူး ပေးမနေတော့ဘဲ ဇာတ်လမ်းနာမည်ကလေးထဲက ကောင်ကင်သစ် နဲ့ မိုးတိမ်ပြာ ဆိုပြီးတော့ပဲ အဓိက ဇာတ်ဆောင်နှစ်ယောက်ဟာ ပေါက်ဖွားလာခဲ့ပါတယ်။ ဘယ်လောက်တောင် ရိုးရှင်းလိုက်သလဲနော်။
☁️
ဒီလိုပါပဲ။ ဇာတ်လမ်းကလေးဟာလည်း တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ။ အဓိက ဇာတ်ဆောင်နှစ်ယောက်ရယ်၊ အရံဇာတ်ဆောင် သုံးဦးတည်းရယ်နဲ့ ဇာတ်အိမ်ဖွဲ့ထားတဲ့ ဇာတ်လမ်းကလေးမို့ ရိုးရှင်းတဲ့ ရသလေးကို အေးအေးငြိမ့်ငြိမ့်လေး ခံစားစေရမှာပါ။ တစ်ခါတလေမှာ... အရိုးရှင်းဆုံးက အဆန်းကြယ်ဆုံးဖြစ်နေတတ်တယ်ဆိုတဲ့ စကားလေးအတိုင်းပါပဲ။ ဒီဇာတ်လမ်းကလေးထဲမှာ စာဖတ်သူတွေ မထင်မှတ်ထားလောက်မယ့် လှည့်ကွက်ကလေးတွေကို ရိုးရိုးလေးပဲ မြှုပ်နှံထည့်သွင်း ရေးသားသီကျူးပေးထားပါတယ်။
လူတိုင်းဟာ အချစ်ကို အမျိုးမျိုးသော ဖွင့်ဆိုချက်တွေနဲ့ ခံယူလက်ခံထားကြမှာပါ။ ဒီလိုပါပဲ... ကောင်းကင်သစ်၏ မိုးတိမ်ပြာ ဝတ္ထုလေးထဲမှာ ဇာတ်ကောင်ကလေးတွေ တစ်ယောက်ချင်းစီရဲ့ မတူညီရဲ့ အချစ်တွေ၊ ခံစားချက်တွေအကြောင်းကို လှလှပပရေးသားထားပါတယ်။ ‌အချစ်ဟာ ခံယူတတ်ရင် အေးမြငြိမ်းချမ်းတဲ့ ခံစားမှုကို ပေးစွမ်းနိုင်သလို၊ မချစ်တတ်ခဲ့ရင်လည်း ပူလောင်နာကျင်စေရမယ့် ဘေးထွက်ဆိုးကျိုးကလေးတွေ ရရှိခံစားရတတ်ကြောင်းကို ဒီဝတ္ထုလေးထဲမှာ တွေ့မြင်ဖတ်ရှုနိုင်မှာပါ။
☁️
ဇာတ်လမ်း ရိုးရိုးအေးအေးကလေးကို လှည့်ကွက်အနည်းငယ်နဲ့ အေးချမ်းစေတစ်ခါ၊ လောင်မြိုက်စေတစ်လှည့်နဲ့ ရသမြောက်အောင် ရေးသားသီဖွဲ့ ပေးထားတာမို့ ခက်ဆစ်ရဲ့ စာဖတ်သူတွေ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခက်ဆစ်ဆိုပြီး စာဖတ်သူလေးတွေရဲ့ လက်ခံအားပေးမှုကို ဆောင်ကျဉ်းပေးခဲ့တဲ့ ဝတ္ထုဇာတ်လမ်းကလေးဖြစ်တာကြောင့် စာအုပ်ကလေးအနေနဲ့ ထုတ်ဝေဖြန့်ချီပြီး ချစ်ခင်မြတ်နိုးရတဲ့ စာဖတ်သူတွေရဲ့ လက်ထဲကို အပ်နှံ‌ပေးလိုက်ပါတယ်။ ခက်ဆစ်ကို ချစ်ခင်အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအနန္တတင်ရှိပါကြောင်း ပြောကြားရင်းနဲ့ ခက်ဆစ်ရဲ့ အမှာစာကလေးကို ရပ်နားခွင့်ပြုပါနော်။

ကောင်းကင်သစ်၏ မိုးတိမ်ပြာ (Complete)Where stories live. Discover now