Fish Upon the Sky

1.3K 25 0
                                    

* Unicode version *

ကောင်းကင်ကြီးကကြည်လင်နေတယ်
ရာသီဥတုက သာယာနေတယ်
လေထုကလည်း လတ်ဆတ်နေတယ်
ဒီနေ့လုပ်ရမယ့်ကိစ္စက တကယ့်ကိုပြည့်စုံနေတာပဲ

ကျွန်တော့ဘေးနားကနေဂျူနီယာအချို့ဖြတ်သွားတော့ ကျွန်တော့ကိုနှုတ်ဆက်ကြတယ်
'' အကိုပီ မင်္ဂလာပါ ''

ဒါပေမယ့်ကျွန်တော်ချစ်တဲ့သူတွေမဟုတ်ဖူးနော်
ကျွန်တော်ကသူတို့ရဲ့ မြားနတ်မောင်ပါ

ကျွန်တော်ရဲ့ဌာနကိုရောက်တော့ ဂျူနီယာလေးတစ်ယောက်ကပြေးလာတယ်
'' အကိုပီရှင့် အကိုပီ နောက်ထပ် surprise တစ်ခုလုပ်ကြတော့မလို့ ''
'' ဟုတ်လား ဘယ်သူတွေလဲ ''
'' ဆေးကျောင်းကတစ်ယောက်က သွားဆေးကတစ်ယောက်ကိုဖွင့်ပြောမလို့တဲ့ အကို ''
'' သူတို့တွေ ဘယ်မှာလဲ ''
'' ဒီဘက်မှာပါ ''
ဂျူနီယာလေးပြောတဲ့ဘက်ကိုသွားနေတုန်း တစ်ယောက်ကအော်ပြောလိုက်တဲ့အသံကိုကြားလိုက်တယ်
'' အကိုပီ ဘောလုံးလေးတွေယူသွားပေးပါဦး ''
'' သြော် ရတယ် ပေးလိုက်လေ ''
ကျွန်တော်လည်း သူတို့ပေးတဲ့ဘောလုံးကိုယူပြီး surprise လုပ်မယ့်နေရာကိုသွားခဲ့တယ်
surpriseလုပ်မယ့်နေရာက တင်းနစ်ကွင်းတစ်ခု
ကျွန်တော်ရောက်သွားတော့ဘယ်သူမှရှိမနေခဲ့ဖူး

ခနကြာတော့ နောက်ထပ်ဘောလုံးတွေကိုကိုင်ထားတဲ့ဂျူနီယာအချို့ပြေးထွက်လာပြီးကျွန်တော့်ဘေးပတ်လည်ကိုဝိုင်းထားကြတယ်
ကျွန်တော့ရှေ့မှာဘောလုံးတွေနဲ့ကွယ်နေခဲ့တယ်
အဲ့အချိန်မှာပဲ လူတစ်ယောက်ကျွန်တော့ရှေ့ရောက်လာတယ်
သူက ကျွန်တော့မျက်နှာရှေ့ကို တိုးကပ်လာခဲ့တယ်
'' ဟေ့ နေဦး......နေဦး.......နေဦး............မင်း ဒါဘာလုပ်တာလဲ ''

@linn_slln511

This is a fanfiction of the series, Fish upon the sky, not the original. I hope you will enjoy it. Give it a vote and comment what you think.

* Zawgyi version *

ရာသီဥတုက သာယာနေတယ်

'' အကိုပီ မင်္ဂလာပါ ''


'' ဟုတ်လား ဘယ်သူတွေလဲ ''
'' သူတို့တွေ ဘယ်မှာလဲ ''
'' ဒီဘက်မှာပါ ''
'' သြော် ရတယ် ပေးလိုက်လေ ''


@linn_slln511


Fish Upon the SkyWhere stories live. Discover now