အပိုင်း 5

84 6 0
                                    

အတန်းထဲမှာစာလိုက်ကြည့်လေ့မရှိသည့် အပျင်းကောင်ဒူရမ်က စာသင်ချိန်ကိုအိပ်ချိန်ဟုသဘောထားပုံရသည်
အတန်းထဲမှကျောင်းသားအားလုံးပြန်သွားမှ ဒူရမ်အိပ်နေရာကနိုးလာသည်

ဝှား စာသင်ခန်းထဲမှာ ဘယ်လိုတောင်အိပ်ကောင်းနေရတာလဲ

ဒူရမ်ကဘေးနားကိုကြည့်လိုက်တော့ သူ့ဘေးမှာထိုင်တဲ့ကလေးတစ်ယောက်ပဲကျန်တော့တယ်

'' ဟေ့ အတန်းပြီးသွားပြီလား''
''ပြီးတာ တစ်နာရီတောင်ကျော်နေပြီ ဆရာကအဖွဲ့လိုက်လုပ်ရမယ့်စာတွေပေးသွားတယ် မင်းနဲ့ငါနဲ့ကအဖွဲ့တူတူပဲ အဲ့ဒါကိုပြောပြမလို့စောင့်နေတာ''
''အော်...''
''ဒါကအတန်းစာရွက်''

မီကအတန်းစာရွက်ကိုထုတ်လိုက်ပေမယ့် သူသတိမမူမိတဲ့အချိန်မှာ သူ့ရဲ့ဒိန်ချဥ်ဗူးကဇွန်းလေးပြုတ်ကျသွားပြီဖြစ်တယ်

'' အိုး ဇွန်းပြုတ်ကျသွားပီ''

'' ရော့....''

ဒူရမ်ကအဲ့ဇွန်းကိုချက်ချင်းပဲကောက်ပေးလိုက်ပေမယ့် ဆေးပညာအသိရှိနေတဲ့ဆေးကျောင်းသားလေးကချက်ချင်းငြင်းတယ်

''မသုံးတော့ပါဖူး..... မြေကြီးပေါ်မှာ ဖုန်တွေ ပိုးမွှားတွေ မြေကြီးတွေရှိနေတာ ငါအဲ့ဇွန်းနဲ့ဘယ်လိုစားမလဲ သေသွားမှာပေါ့''

ဒူရမ်က ဂျီးများလွန်းတဲ့ကောင်လေးကို သက်ပြင်းချလိုက်ပြီးတော့

''အာ့ဆို မင်းမှာဇွန်းအပိုရှိလို့လား''

''မရှိဖူး ငါဘယ်လိုစားရတော့မလဲ''

ဒူရမ်ကမျက်နှာငယ်လေးနဲ့ပြောလာတဲ့ကလေးကို မကြည့်ရက်တော့ဖူးလေ

'' ဒီကိုပေး''

ဒူရမ်ကဒိန်ချဥ်ဗူးကိုတောင်းယူလိုက်ပြီးတော့ တစ်ခါတည်းမော့သောက်လိုက်တယ်........လို့ထင်လား
မဟုတ်ပါဖူး..........
ဒူရမ်မှာလည်းစိတ်ကောင်းလေးနည်းနည်းတော့ရှိပါတယ်
(ဒါပေမယ့်နည်းနည်းလေးမှနည်းနည်းလေးပါ မမြင်နိုင်လောက်အောင်သေးငယ်ခြင်းလေး)

ဒူရမ်ကဒိန်ချဥ်ဗူးရဲ့အဖုံးကိုဖွင့်လိုက်တယ်
ပြီးတော့ ဇွန်းပုံစံမျိုးလေးဖြစ်အောင်ခေါက်လိုက်ပြီးတော့ မီကိုပေးလိုက်တယ်

Fish Upon the SkyWhere stories live. Discover now