အပိုင်း 12

84 3 0
                                    

ဓာတ်ခွဲခန်းငယ်သည်မှောင်မဲကာတိတ်ဆိတ်လျက်ရှိသည်
ပီတို့စာသင်နေစဥ်ကရှိနေခဲ့သောအလောင်းကုတင်လေးခုသည်ယခုသုံးခုသာရှိနေသည်
လုံခြုံရေးအစောင့်တစ်ဦးသည် ထိုကျန်ရှိနေသောကုတင်ကိုတွန်းလျက်ဓာတ်ခွဲခန်းထဲဝင်လာသည်
ကုတင်ကိုနေရာတကျပြန်ထားလိုက်ကာ ထိုအလောင်းကောင်ကိုဦးညွတ်ကာတောင်းပန်လိုက်သည်

''ကျွန်တော်တောင်းပန်ပါတယ်ဗျ အမှန်တော့ကျွန်တော်လည်းအဲ့လိုမလုပ်ချင်ပါဖူး''

''မင်းကျောင်းသားတွေကိုထပ်ခြောက်ပြန်ပြီလား''
ကျန်းမာရေးဌာနကပါမောက္ခကရောက်လာလေသည်

''တွေ့လိုက်တာလားဗျ တောင်းပန်ပါတယ်''

မော့ကပီကိုကုန်းပိုးထားရင်းနဲ့ကျောင်းပေါက်ဝနားကိုရောက်လာပြီဖြစ်တယ်

''ဟေး ရသွားပြီကွ ၁၂နာရီ၁၃မိနစ်ကွက်တိပဲ''

ပီကိုယ်လုံးကြီးကိုသယ်လာရတဲ့မော့ကတော့ တော်တော်လေးကိုမောနေပြီပဲဖြစ်တယ်
ပီကရောက်လာလာပြီးချင်းပဲ ကြမ်းပြင်ပေါ်မှာလှဲချပစ်လိုက်တယ်

''ဟေ့ ထဦး''

''ဟင် ဘာလဲ''

''ထ ခနထဦး ငါ့ကိုယုံလိုက်''

''ဘာလုပ်မလို့လဲ''

''လာ ငါ့ပေါင်ပေါ်မှာခေါင်းအုံးလိုက်''
ပီကပြောရင်းနဲ့မော့ရဲ့ခေါင်းကိုဆွဲယူရင်းသူ့ပေါင်ပေါ်တင်ပေးတယ်

''ငါ့ကိုသက်တောင့်သက်သာနားစေချင်တာမလား''

''စကားများမနေနဲ့ မင်းခေါင်းကိုချိုးပစ်လိုက်မယ်''

စကားပြောရင်းနဲ့ပီရဲ့လက်ကခေါင်းကိုချိုးပစ်မယ်လို့စဖို့လက်လှမ်းကိုင်လိုက်တယ်
မော့ကပီရဲ့လှမ်းလာတဲ့လက်ကိုလှမ်းကိုင်လိုက်ရင်း

''ဝန်ခံလိုက်ပါ မင်းငါ့ကိုဂရုစိုက်ပါတယ်''

''မဟုတ်ပါဖူး ခုနကမင်းကငါ့ကိုကုန်းပိုးလာပေးလို့ကျေးဇူးပြန်ဆပ်တာ
အေး မင်းအကြွေးတင်မနေချင်ဖူးဆိုရင်တော့ငါခြေထောက်ကိုနှိပ်ပေးလို့ရတယ်နော်''

မော့ကပီပြောလိုက်တာနဲ့ချက်ချင်းပဲ ပီရဲ့ခြေထောက်ကိုနှိပ်ပေးနေပြီဖြစ်တယ်
ပီကဘောင်းဘီအိတ်ထဲကလက်ကိုင်ပဝါတစ်ခုကိုထုတ်လိုက်ပြီး မော့ရဲ့နှဖူးကချွေးသီးတွေကိုသုတ်ဖယ်ပေးတယ်
မော့ကပီကိုအံ့သြစွာနဲ့ကြည့်လိုက်တယ်

Fish Upon the SkyWhere stories live. Discover now