အပိုင်း 8

78 6 0
                                    

မင်းဘယ်သူလဲ....
မင်းကဘယ်သူလဲ....
မင်းကဘယ်သူလဲဆိုတာကိုငါ့ကိုဘာလို့မပြောပြတာလဲ
ဘယ်သူလဲ
မင်းတကယ်ပဲဘယ်သူလဲ........

''ပီ အဆင်ပြေရဲ့လား''

''မာနန်း''

''အင်း ပီဘယ်လိုနေသေးလဲ နေကောင်းသွားပြီလား''

''ဘာကိုလဲ''

''ဟိုနေ့ကလေ''

''ဪ ကောင်းသွားပါပြီ ဘာမှမဖြစ်တော့ဖူး''

''ကောင်းတယ် ငါမင်းကိုစိတ်ပူနေတာ''

သူကငါ့ကိုစိတ်ပူနေတာပေါ့
ပီကသူရဲ့ရှက်စရာကောင်းတဲ့အဖြစ်ဆိုးကြီးကိုမှတ်မိနေတာမကြိုက်ပေမယ့် သူ့ကိုစိတ်ပူနေတယ်ဆိုတော့ တော်တော်ကြီးကိုပျော်သွားတယ်

''မျက်မှန်မတပ် ဆံပင်ကိုလည်းဒီလိုမျိုးလေးလုပ်လိုက်တော့ မင်းကကြည့်ကောင်းသားပဲ''

သူကငါ့ကိုကြည့်ကောင်းတယ်လို့လည်းပြောသေးတယ်

''မင်းသွားတွေ''

''ဟင် ငါ့သွားတွေဘာဖြစ်နေလို့လဲ''
ပီကသူ့သွားတွေကိုလက်နဲ့အုပ်လိုက်ရင်းအလန့်တကြားမေးလိုက်တယ်

မာနန်းကတော့ဆွဲဆောင်မှုရှိတဲ့အပြုံးတစ်ခုကိုပြုံးလိုက်ရင်း
''ဘာမှမဟုတ်ပါဖူး မင်းရဲ့သွားထိန်းဖြုတ်ထားတာတွေ့လိုက်လို့ပါ''

အိုး......သူကငါ့ကိုဂရုစိုက်တာပဲ
ငါဒူရမ်ရဲ့အစီအစဉ်အတိုင်းဆက်လုပ်ရမယ်
ပီကသဘောကျလွန်းလို့ ပြုံးနေတာရပ်တောင်မရပ်နိုင်တော့ဖူး

''ပီ.... ကိုယ့်ကိုကိုယ်သဘောကျနေတာလား''

''ဟင် မဟုတ်ပါဖူး မင်းသောကြာနေ့များအားမလားလို့တွေးနေတာ''

''သိပ်မသေချာဖူး ဘာလို့လဲ''

''ဟို..... blind in loveဆိုတဲ့ပွဲကိုကြားဖူးလား''

''အင်း ကြားဖူးတယ်''

''မင်းချိန်းထားတာရှိပြီလား''

''မရှိသေးဖူး''

''ငါ့သူငယ်ချင်းနဲ့သွားမလို့ ဒါပေမယ့်သွားစရာလူမရှိလို့ ငါနဲ့လိုက်ခဲ့ပေးလို့ရမလား''

Fish Upon the SkyWhere stories live. Discover now