အပိုင်း 2

187 12 0
                                    

* Unicode version *

ကောင်းကင်ပေါ်က မျှော့

ဒူရမ်.......ဒူရမ်.......ဒူရမ်...................
ကျောင်းကန်တင်းရဲ့ ဆိုင်ရှေ့မှာ လူတွေတန်းစီစောင့်နေတုန်း အသံတစ်သံကစူးရှစွာထွက်ပေါ်လာတယ်
လူအများစုက သူ့အလုပ်နဲ့သူရှုပ်နေကြတော့ စူးရှနေတဲ့အသံလေးကိုဂရုမထားနိုင်ကြဖူး
ဒါပေမယ့် ပီအကိုဒူရမ်ကတော့ အဲ့အသံကိုစိတ်ရှုပ်နေပြီဖြစ်သည်

ဒူရမ်.............
ကျွန်တော်ဘယ်နေရာကိုပဲသွားသွား ဒီကလေးက ကျွန်တော့နာမည်ကိုပဲအမြဲခေါ်နေတယ်
ဒူရမ်.... ဒူရမ်..... ဒူရမ်နဲ့

'' ဒူရမ် ဘာတွေဝယ်နေတာလဲ အဲ့ဒီအတိုင်းနှစ်ခုမှာလိုက်နော် '' ချစ်စရာကောင်လေးက ကလေးလေးလိုခုန်ဆွခုန်ဆွနဲ့ ပြောတယ်
'' ဒူရမ် ကွေ့တီယိုစားမယ်ဆိုတာဘာလို့မပြောတာလဲ ငါသူငယ်ချင်းကဒီမှာစားကောင်းတဲ့ဟင်းတွေအများကြီးရှိတယ်တဲ့ ''

ဟိုနေရာမှာလည်း ဒူရမ်.........
ဒီနေရာမှာလည်း ဒူရမ်....... ကျွန်တော်အရမ်းစိတ်ရှုပ်နေပြီ
သူဗိုက်ဆာလည်း ဒူရမ်လို့ခေါ်တယ်
ရေဆာလည်း ဒူရမ်...............
သေးပေါက်လည်း ဒူရမ်...............

ဒူရမ်က စိတ်ရှုပ်စွာနဲ့ အဲ့ကလေးရန်ကလွတ်ဖို့ နောက်ထပ်ထမင်းဆိုင်ကိုပြောင်းခဲ့တယ်
အဲ့ကလေးလည်း နောက်ကလိုက်လာတာကတော့ ဒူရမ်ရဲ့မကောင်းတဲ့ကံပဲ
'' ဪ ဒါမှမဟုတ် ဒူရမ်က ထမင်းစားချင်တာလား ဒီဆိုင်လည်းစားကောင်းတယ်တဲ့ ပင်စိမ်းထမင်းကြော်တို့ ခေါက်ဆွဲကြော်တို့လည်းရတယ်တဲ့ ဒူရမ်
ဘာပဲစားချင်ချင် နှစ်ခုမှာလိုက်နော် ''
'' ဘောကိုနှစ်ပွဲမှာရမှာလား ငါ့ကိုလိုက်ခေါ်မနေနဲ့တော့ ငါသွားတော့မယ် ''
'' ဒူရမ် ဘယ်သွားမလို့လဲ ''
''ချီးသွားပါမလို့ ငါချီးသွားပါမယ်ဆိုရင်ကောလိုက်မလို့လား ''

'' ဒူရမ်...............''
အိမ်သာထဲကဒူရမ်တစ်ယောက် ကြားလိုက်ရတဲ့အသံကြောင့် စိတ်ရှုပ်စွာပြန်ပြောလိုက်တယ်
'' ဘာလဲကွာ ''
'' ငါ တစ်ရှူးလိုလို့ ''
'' ရော့ '' ဒူရမ်ကတစ်ရှူးအနည်းငယ်ယူပြီးပေးလိုက်တယ်
'' အိုး ဒူရမ် ဒီလောက် တစ်ရှူးနည်းနည်းလေးနဲ့ဘာလုပ်လို့ရမှာလဲ ထပ်ပေးလို့ရမလား နော်...... ''ချစ်စရာခြေထောက်လေးတွေကို ခုန်ဆွခုန်ဆွလုပ်ရင်းပြောတယ်
'' ယူလိုက် ဒီလောက်ဆိုရင်လောက်မယ်ထင်တယ် '' ဒူရမ်ကတစ်ရှူးတစ်လိပ်လုံးပေးရင်းနဲ့တွေးမိတယ်
ငါဘယ်တုန်းက ကလေးရသွားတာလဲလို့ပေါ့

Fish Upon the SkyDär berättelser lever. Upptäck nu