အပိုင်း 14

148 7 0
                                    

ပီကမာနန်းနဲ့ချိန်းထားတဲ့ဆိုင်ထဲကိုဝင်ဝင်လာချင်းပဲအားလုံးရဲ့အကြည့်တွေကိုသိမ်းပိုက်နိုင်လိုက်တယ်
သူအရမ်းချောနေလို့ပါ....... မဟုတ်ပါဖူး
သူ့ပုံစံကတစ်ယောက်ယောကမြှောက်ပေးလိုက်မှန်းသိသာတယ်
အရူးလိုမျိုးပဲ

''ဟိုလူကိုကြည့်လိုက်ဦး ဘာလို့နေကာမျက်မှန်ကြီးတပ်ထားတာလဲမသိဖူး''

''အေးဟဲ့ တစ်ခုခုဖြစ်နေလို့များလား''

ပီကအဲ့စကားတွေအားလုံးကိုကြားလိုက်တာနဲ့ဒူရမ်ပြောလိုက်တဲ့နံပါတ်၁အချက်ကိုပြန်သတိရလာတယ်

နံပါတ်၁. ကိုယ်ကိုကိုယ်ယုံကြည်မှုရှိရမယ်
            သူများအတင်းပြောတာတွေကိုနားမထောင်နဲ့

ပီကယုံကြည်မှုရှိစွာပဲ နေကာမျက်မှန်ကိုလက်ညိုးနဲ့ပင့်တင်လိုက်တယ်

နံပါတ်၂. မာနန်းနဲ့တွေ့ရင်မိုက်နိုင်သမျှရှယ်မိုက်အောင်နေ

ပီကဆိုင်ထဲကိုတစ်ချက်လောက်ဝေ့ကြည့်လိုက်ရုံနဲ့မာနန်းကိုလှမ်းမြင်လိုက်ရတယ်
မာနန်းနားကိုခပ်မိုက်မိုက်ပဲလျှောက်သွားလိုက်တယ်
သူ့နေကာမျက်မှန်ကိုဇာတ်ကားတွေထဲကလိုယုံကြည်မှုရှိရှိပင့်တင်ဖို့လည်းမမေ့ခဲ့ဖူး

''ဟယ်လို မာနန်း''

''ဟိုင်း ပီ
ပီ ဘာဖြစ်လာတာလဲ''

''ဘာမှမဖြစ်ပါဖူး ဘာလို့လဲ''

''နေကာမျက်မှန်ကြီးတပ်ထားလို့လေ မင်းမျက်လုံးနာနေတယ်လို့ထင်နေတာ''

''ဪ''

''လာ စားပွဲကိုသွားထိုင်ကြမယ်''

နံပါတ်၃. သူကမင်းလက်ကိုအရင်လာမကိုင်ရင်မင်းဘာသာဖန်တီးရမယ်

အရင်ထွက်သွားတဲ့မာနန်းရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်
မာနန်းကအံသြသွားတော့ပီလည်းဘာပြောရမှန်းမသိဘဲကြောင်သွားတယ်

''နန်း ငါ့မျက်လုံးတွေကအလင်းဒဏ်မခံနိုင်လို့ငါ့ကိုစားပွဲဆီခေါ်သွားလို့ရမလား ငါချော်လဲမှာဆိုးလို့ပါ''

''အင်း ရပါတယ်''

ပီကမာနန်းနဲ့လက်တွဲထားနိုင်တဲ့သူ့လက်လေးကိုတစ်ချက်လှမ်းကြည့်လိုက်တယ်
ငါဒီလက်ကိုဘယ်တော့မှမဆေးတော့ဖူး

Fish Upon the SkyWhere stories live. Discover now