အပိုင်း 4 ကစ်တီအဖွဲ့ နှင့် ပီ

126 7 0
                                    

ငါတော့ လုံးဝကိုပစ်ထားခံလိုက်ရပြီပဲ
ကုန်သွားတဲ့အအေးဘူးလေးကိုကြည့်ရင်း ပီပြောမိလိုက်တယ်
ပြောမိတဲ့စကားရဲ့နောက်မှာ ချစ်ဖို့ကောင်းတဲ့နာမည်နဲ့မတူပဲနဲ့ ကြမ်းတမ်းလှတဲ့အဖွဲ့ထွက်ပေါ်လာပါပြီ

ပထမဆုံးတစ်ယောက်ကတော့ ယမကာလုလင်
သူကတော့ရောက်တဲ့နေရာတိုင်းမှာပြဿနာရှာတယ်
နာမည်က ကော့, ဒေါသအိုးလို့လည်းခေါ်တယ်

ဒုတိယတစ်ယောက်ကတော့ အပြောချိုချိုနဲ့ကောင်မလေးတွေကိုဆွဲဆောင်တတ်တဲ့ ဂမ်နမ်အိုပါး
နာမည်က ရော့
သူ့ရဲ့ဟော့ချက်ကလည်းပြဿနာပါပဲ

နောက်တစ်ယောက်ကတော့
''မင်းငါ့ကို ဒီလိုပဲစိုက်ကြည့်နေဦးမယ်ဆိုရင် ငါမင်းကိုနမ်းမိလိမ့်မယ် မင်းခြေထောက်တွေမခိုင်တော့တဲ့အထိ''
'' ငါ့ဆီကအနမ်းတွေလိုချင်လား''
''cub................''
'' cut  မောင်လေး အမရဲ့ကင်မရာကိုလာမနမ်းနဲ့လေ''
''တောင်းပန်ပါတယ် အမ''
'' မှန်ဘီလူးတွေဝါးကုန်ပြီ''
သူ့နာမည်က ဂျင်, သူကstarတစ်ယောက်ဖြစ်ချင်တာ ဒါပေမယ့်ကံပါမလာဖူး

နောက်ဆုံးတစ်ယောက်နာမည်က ဂျိမ်း
တကယ့်ဂိမ်းဂျိုးစစ်စစ်, ကာတွန်းစာအုပ်တွေကိုဖတ်တယ်
သူကစကားသိပ်မပြောဖူး တစ်ခါတစ်လေ လူတွေကသူ့ကိုစကားမပြောတတ်ဖူးလို့တောင်ထင်နေကြတာ

ထိုင်စောင့်နေတဲ့ပီတစ်ယောက်တွေ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြောင်တောင်တောင်ဖြစ်သွားတယ်

သေစမ်း ငါရုပ်ပြဖတ်နေတာလား
သူတို့က ဂျိုဂျိုရဲ့လူသားဗားရှင်းများလား

''ငါတို့ကမင်းကိုပြောင်းလဲပေးဖို့ လာခဲ့တာ.....''

ပဥ္စမနှစ်ကျောင်းသားတစ်ယောက်ရဲ့အကြောင်း
ချောက်ခြားစရာအိမ်မက်များ

''ဒူရမ် မြန်မြန်လာလေ စောင့်နေတာကြာပြီ''
''မလောပါနဲ့ ငါရောက်တော့မှာပါ အသက်နည်းနည်းလောက်တော့ရှူပါရစေဦး''

သေစမ်း အိမ်မက်ထဲအထိတောင်လိုက်ခြောက်နေတယ်

လွန်ခဲ့သောသုံးနာရီက
line chat:
မီ: ဒူရမ်
    ဒူရမ်
    ဒူရမ်
    ဒူရမ်

Fish Upon the SkyWhere stories live. Discover now