အပိုင်း 15 အတွဲတစ်တွဲအားပေးစားခြင်း

462 10 3
                                    

first kiss
ပထမဆုံးအနမ်းလေး
ချိုမြိန်လိုက်တာကွာ............

ပီအိပ်ရာပေါ်မှာလှဲနေရင်းနဲ့မနေ့ညကမာနန်းနဲ့ပီရဲ့ပထမဆုံးအနမ်းအကြောင်းကိုပြန်စဥ်းစားနေတယ်
ပီဘယ်လောက်တောင်စိတ်ချမ်းသာနေသလဲဆိုတာမေးစရာမလိုအောင်ကိုသူ့မျက်နှာမှာအတိုင်းသားပေါ်လွင်နေတယ် ပီရဲ့ပျော်ရွှင်မှုလေးလေ

ရုတ်တရက်အကိုဒူရမ်ကပီရဲ့ကုတင်ပေါ်ကိုတတ်လာပြီးတော့

''စောက်ရူးကောင် ပီ မင်းမနေ့ညကဘာလုပ်ခဲ့တာလဲ''

''မနေ့ညကလား ကိုကြီးပြောခဲ့တဲ့အတိုင်းလုပ်ခဲ့တယ်လေ''

''ငါမင်းကိုဘာပြောခဲ့လဲ''

''အချက်ပြလာရင် နောက်တစ်ဆင့်တတ်ပြီးသူ့ကိုနမ်းလို့ကိုကြီးပဲပြောခဲ့တယ်လေ ငါမာနန်းကိုနမ်းခဲ့တယ်လေ''

''မင်းအဖေမာနန်းလားကွ ဒီမှာကြည့်''

ဒူရမ်ကသူ့ရဲ့ဖုန်းကိုထုတ်ပြပြီးတော့မနက်ကtwitterမှာတွေ့လာတဲ့ပုံကိုထုတ်ပြတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒူရမ်ကသူ့ရဲ့ဖုန်းကိုထုတ်ပြပြီးတော့မနက်ကtwitterမှာတွေ့လာတဲ့ပုံကိုထုတ်ပြတယ်

''ဘောပဲ မာနန်းကနေဆက်သရားကိုဘယ်လိုပြောင်းသွားတာလဲကွ''
ပီအလန့်တကြားထအော်မိတယ်
ပျော်ရွှင်မှုလေးတွေအားလုံးလွင့်ပျယ်သွားပြီ
ဘာဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲ

ပီခေါင်းထဲကိုအသိညဏ်တွေဖြည်းဖြည်းချင်းပြန်ဝင်လာပြီ
ပီသိတယ် မာနန်းကိုနောက်တစ်နေရာသွားရအောင်လို့ခေါ်တုန်းကမာနန်းလက်ကိုဆွဲခဲ့တာပဲ
ဒါပေမယ့် ကောင်မလေးတစ်ယောက်နဲ့ဝင်တိုက်ပြီးတော့ဆက်သရားလက်ကိုမှားဆွဲခဲ့မိတာလား
ပြီးတော့ ဆက်သရားကို....
အား.........
ငါ့ရဲ့ပထမဦးဆုံးအနမ်းလေး.......

တွီ
ပီဖုန်းကနေtwitter notiဝင်လာတော့ပီလည်းယူကြည့်လိုက်တယ်
ပီဒူရမ်ဖုန်းကနေမြင်ခဲ့တဲ့ပုံပါပဲ ပီနဲ့ဆက်သရားနှုတ်ခမ်းချင်းထိကပ်ထားကြတယ်

You've reached the end of published parts.

⏰ Last updated: Nov 06, 2021 ⏰

Add this story to your Library to get notified about new parts!

Fish Upon the SkyWhere stories live. Discover now