အပိုင်း 9

71 5 0
                                    

ပဥမနှစ်ကျောင်းသားတစ်ယောက်၏ပုံပြင်
အန္တရယ်ရှိသောရေဘူး

''ဒီနေ့ဘယ်သူနဲ့ထိုင်ရမလဲ''

ငရှုပ်ဒူရမ်ကချစ်ဖို့ကောင်းတဲ့ကောင်မလေးတွေရဲ့အနားမှာထိုင်ရဖို့ကိုအမြဲတမ်းချောင်းနေတာဖြစ်တယ်

''အိုး ချစ်စရာလေးနှစ်ယောက်တောင်ဟ အဲ့နားမှာသွားထိုင်ရမယ်''
ဒူရမ်ပြောလို့မဆုံးခင်မှာပဲ ဘေးနားကဆံပင်စည်းထားတဲ့ကောင်မလေးက သူ့ဘေးနားကချစ်စရာကောင်မလေးရဲ့ခေါင်းကိုနမ်းလိုက်တယ်
အနမ်းခံလိုက်ရတဲ့ကောင်မလေးက ချစ်စရာကောင်းတဲ့အပြုံးလေးတောင်ပြုံးပြလိုက်သေးတယ်

''အတွဲတွေဟ''
ဒူရမ်ရဲ့မျက်နှာကစိတ်ပျက်သွားသလို ရှုံတွနေပြီဖြစ်တယ်

''ဒူရမ် ဒူရမ် ဒူရမ်''

''ဘာလဲကွာ''

''ငါ့ရေဘူးကိုတွေ့မိသေးလား''

''ဘာရေဘူးလဲ''

''ငါတို့စာအတူလုပ်တဲ့နေ့ကငါယူလာတဲ့ရေဘူးလေ ငါ့စိတ်ထင်မင်းဆိုင်ကယ်ပေါ်မှာကျန်ခဲ့တယ်ထင်တယ်''

''ဪ''

''မှတ်မိတယ်မလား ငါ့ကိုပြန်ပေးပါလား''

''ငါ ပန်းရောင်းတဲ့ကောင်မလေးကိုပေးခဲ့တယ်''

အဲ့နေ့က မီနဲ့အတူစာလုပ်ပြီးပြန်တော့ အပြန်လမ်းကမီးပွိုင့်မိနေတဲ့နေရာမှာ ပန်းရောင်းတဲ့ကောင်မလေးတစ်ယောက်က

''အကိုကြီး စံပယ်ပန်းကုံးလေးတွေယူဦးမလား အခုမှသီထားတာပါ
ဘုရားပွဲတော်နေ့ဆိုတော့ အကိုဆုတောင်းသွားပါလား''

''အကိုကအပြစ်တွေအများကြီးနဲ့ဘာသာမဲ့''

''ဘာသာမဲ့ဆိုလည်း ဘောပင်လေးအားပေးလို့ရပါတယ်''

''အကိုကမင်နဲ့ဓာတ်မတည့်ဘူး ခဲတံပဲသုံးတယ်''

''ရှူဆေးရော''
ဒူရမ်ကခေါင်းခါပြလိုက်တယ်

''နှုတ်ခမ်းဆီ''
''ကြက်ကြော်''
''ဝက်သားလုံး''

''ငါဘာမှမယူပါဖူးဆိုနေ''
သူ့နားမှာစကားတွေလာပြောနေလို့ စိတ်ရှုပ်လာတဲ့ဒူရမ်ကကလေးမလေးကိုအော်လိုက်မိတယ်

Fish Upon the SkyWhere stories live. Discover now