အပိုင်း 7

98 6 0
                                    

ရေချိုးပြီးခါစပီက မခြောက်သေးသောခေါင်းကိုသပတ်ဖြင့်ယူကာသုတ်လိုက်သည်
ပီ၏ကုတင်ပေါ်တွင် ဒီနေ့ဝတ်ခဲ့သောအဝတ်များကအထပ်လိုက်ရှိနေသည်
ပီကဝတ်ပြီးသားအဝတ်များကိုရှင်းလင်းလိုက်သည်
ပီယူလိုက်သောအဝတ်များ၏အောက်တွင် လက်ကိုင်ပဝါလေးတစ်ခုရှိနေလေသည်
ထိုလက်ကိုင်ပဝါလေးသည် ပီဟာမဟုတ်ပါ
ပီကထိုလက်ကိုင်ပဝါလေးကိုကောက်ကိုင်လိုက်သည်
ပီရဲ့ခေါင်းထဲတွင် နေ့လည်ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကတဝဲလည်လည်
ပီကထိုလက်ကိုင်ပဝါလေးကိုကိုင်ရင်း ကုတင်ပေါ်မှာထိုင်လိုက်သည်
ထို့နောက် နေ့လည်ကဆက်သရားပြောသွားသောစကားများကစဥ်းစားစရာမလိုပဲခေါင်းထဲအစီအရီဝင်လာသည်

လွန်ခဲ့သောနေ့ဝက်ခန့်က

အပူရှပ်နေခဲ့သော ခပ်မိုက်မိုက်ကောင်လေးပီသည် မြက်ခင်းစိမ်းစိမ်းများပေါ်တွင်ထိုင်နေသည်
ရှားရှားပါးပါးတိုက်ခတ်လာသောလေအေးလေးကတောင် ပီကိုအေးချမ်းမှုမပေးနိုင်သေးပါ
ပီ၏တစ်ကိုယ်လုံးမှာ အပြင်းအထန်လေ့ကျင့်နေသောအားကစားသမားများကဲ့သို့ ချွေးများရွဲစိုနေသည်
သို့သော် ပီဆွဲဆောင်မှုရှိနေဆဲဆိုတာကိုငြင်းမရပါချေ

ရုတ်တရက် ပီ၏လည်ပင်းဆီသို့လက်ကိုင်ပဝါလေးတစ်ခုကိုင်ထားသောလက်တစ်ဖက်က ကျရောက်လာသည်
ပီမကြိုက်သော်လည်း ပြန်ပြောချင်စိတ်ကုန်နေပြီဖြစ်သည်

''သက်သာလာပြီလား ပါးတွေကရဲနေတုန်းပဲ''
မော့ရဲ့ပါးစပ်ကပြောနေပေမယ့် လက်ကတော့ ချွေးသုတ်ပေးနေတာမပြတ်ပါချေ

''ရော့''
မော့ကအအေးပုလင်းကိုပီကိုကမ်းပေးနေတယ်

''သန်မာချင်ယောင်မဆောင်ပါနဲ့ အအေးကိုအေးနေတုန်းသောက်လိုက် သောက်ပြီးရင်လန်းသွားလိမ့်မယ်''

ပီအအေးကိုလှမ်းယူခြင်းမရှိသလို ပြန်လည်းမပြောပါ

မော့က ပြန်မပြောနားမထောင်လုပ်နေတဲ့ပီရဲ့လည်ပင်းနဲ့ရင်ဘတ်ကို အအေးရဲ့အေးစက်မှုနဲ့မိတ်ဆက်ပေးလိုက်တယ်

''မင်းသောက်မှာလား မသောက်ဖူးလား''

ရေဆာနေတဲ့ပီကဒီတစ်ခါမှာဝေခွဲရခက်နေတယ်
ဒါပေမယ့် မော့ကအအေးပုလင်းကိုဖွင့်လိုက်ပြီးတော့ သောက်မယ်ဟန်ပြင်လိုက်တော့မနေနိုင်စွာ ပီရဲ့လက်ကလှမ်းတားဖြစ်တယ်
ပီကအအေးပုလင်းကိုယူလိုက်ပြီး မော့သောက်လိုက်တယ်

Fish Upon the SkyWhere stories live. Discover now