အပိုင်း 1 ပြောင်းလဲမှု

479 17 0
                                    

* Unicode version *

လွန်ခဲ့သောတစ်နှစ်
ချစ်သူများနေ့....

ကျွန်တော့်နာမည်က ပီ သွားဆေး ဌာနက
ကျွန်တော် ဒီပွဲကိုတကယ်မုန်းတယ်
အဲ့ဒါကဘာလဲသိလား
အဲ့ဒါက တစ်နှစ်မှာတစ်ခါပဲလုပ်တယ် ချစ်သူများနေ့ပေါ့
အဲ့ဒီနေ့မှာပဲကိုယ်ချစ်တဲ့လူကို ချစ်ကြောင်းဝန်ခံကြတယ်

'' ဟေ့ ပီ အဲ့ဒီမှာဘာရပ်လုပ်နေတာလဲ
နောက်ထပ် surprise အတွက်ပြင်ဆင်တော့လေ
သွား မြန်မြန် ''
ပီက အဆူမခံချင်တာကြောင့် ခပ်မြန်မြန်ဘဲသွားခဲ့တယ်

ဖွင့်ပြောရမှာကြောက်နေတဲ့သူတွေက ကျွန်တော်တို့ကိုလာပြောကြတယ်
အဲ့လိုလူတွေကို အဖွဲ့သားတွေက သဘောအကျဆုံးချစ်ဇာတ်လမ်းတွေရွေးပြီး အခမဲ့ surprise လုပ်ပေးတယ်
ဖွင့်မပြောရဲတဲ့သူတွေအစားကျွန်တော်တို့ကပြောပေးတယ် ဘယ်လောက်ရိုမန်တစ်ဆန်လိုက်လဲ
အားလုံးသဘောကြမှာသေချာတယ်
ဒါပေမယ့် ကျွန်တော်ကတော့ အရမ်းမုန်းတယ်...

ကျွန်တော့ဘဝမှာ အချစ်နဲ့တွေ့ရဖို့ကံပါမလာဖူး
ကျွန်တော်ကဟိုးအတွင်းဆုံးက အံသွားလိုပဲ
အတွင်းဆုံးမှ အတွင်းဘက်အကျဆုံး
သန်မာလို့လို့ထင်နေကြတာလား မဟုတ်ပါဖူး
သွားဖုံးအောက်မှာကပ်နေတာလေ
အံဆုံးပေါက်လာဖို့စောင့်ရင်းနဲ့ သူ့အပေါ်ဘက်မှာအခြားသွားမရှိတော့ဖူး
ကျွန်တော်ကအဲ့လိုမျိုး ဘာမှအသုံးမဝင်ဖူး အနှုတ်ခံရဖို့သက်သက်ထွက်လာတဲ့အံသွားလိုပဲ
ဘာတန်ဖိုးမှမရှိဖူး သူငယ်ချင်းမရှိ ချစ်သူဆိုတာကတော့ ထားလိုက်ပါတော့

ကျွန်တော်အလယ်တန်းလောက်ကတည်းက ကြားခဲ့ရတဲ့စကားတွေရှိတယ်
'' ပီအကိုက သူ့ရဲ့ရုပ်ချောတာတွေ ညဏ်ကောင်းတာတွေကို ပီကိုမျှပေးသင့်တယ်
ပီမှာသူ့အကိုကလွဲပီးတော့ ကောင်းတာဘာမှမရှိဖူး '' တဲ့ သူငယ်ချင်းတွေပြောတာလေ
သူတို့အတွက်တော့ ကျွန်တော်က ဟာသတစ်ခုသက်သက်ပဲ ကျွန်တော့်အကြောင်းမကောင်းတာပဲပြောတယ်
အများစုက ကျွန်တော့်ရဲ့ရုပ်ချောပြီး သဘောကောင်းတဲ့အကိုကြောင့်သာလာပေါင်းနေတာ
အချို့က ကျွန်တော်စာတော်လို့လာပေါင်းကြတယ်
အဲ့တာကြောင့် လူမှုဆက်ဆံရေးဆိုတာ ဘာမှမဟုတ်တဲ့အရာလို့ ကျွန်တော်သိထားခဲ့တယ်
သူတို့ပြောတာက ကျွန်တော်ကမကောင်းတဲ့အမြင်ရှိတာ
လူတွေနားမှာကြောင်တောင်တောင်နိုင်ရတာမျိုး ကြိုက်တာတဲ့
ပြီးတော့ဘာက ကျွန်တော်ကိုအနာကျင်ဆုံးလဲသိလား
ကျွန်တော့်ဘဝမှာကျွန်တော့်အကိုကလွဲပီး ကောင်းတာမရှိဖူးလို့ပြောကြတာပဲ
မှန်ကြောင်ကောင် ကြောင်တောင်တောင်...

Fish Upon the SkyWhere stories live. Discover now