အပိုင်း 10

77 4 0
                                    

"ဘာတွေလောနေတာလဲ''

''ကော့ ငါ့ကိုဒီလမ်းဆုံနားမှာကောင်မလေးတစ်ယောက်ကူရှာပေး''

''ဘာလို့လဲ''

''မနေ့ကငါ မီရဲ့ရေဘူးကိုအဲ့ကောင်မလေးကိုပေးလိုက်တာ သူကပြန်လိုချင်လို့တဲ့''

''မင်းဘာသာ မင်းကောင်လေးရေဘူးကိုရှာတာလေ ငါကဘာလို့ကူညီရမှာလဲ''

''ငါ့ကောင်လေးမဟုတ်ပါဖူးကွ မင်းကလည်း သူငိုသွားမှာစိုးလို့ကွ ငိုသွားရင်စိတ်ညစ်စရာကြီး''

''ပုံမှန်ဆိုမင်းကပီကိုငိုအောင်စနေကျလေ ဘာလို့ခုမှဂရုစိုက်နေတာလဲ''

''မတူဖူးလေကွ''

''အာ ငါသိပြီ မင်းကမီကိုဂရုစိုက်နေတာပဲ''

''ငါဂရုမစိုက်ပါဖူးဆိုကွာ တော်လိုက်တော့ ငါ့ကိုလာစမနေနဲ့တော့ ငါကူလို့ပြောရင်ကူလိုက်ပေါ့ကွာ အခုကျစ်ဆံမြီးနဲ့ကလေးမလေးကိုကူရှာပေး''

''ဟိုမှာ''

''ခွေးကောင် အဒေါ်ကြီးအရွယ်နဲ့ကလေးအရွယ်နဲ့မခွဲတတ်ဖူးလားကွ ငါရှာခိုင်းတာကလေးမလေးလေ''

''ငါပြောတာကအဲ့အဒေါ်ကြီးကိုမေးကြည့်လို့''

''အဒေါ်ခင်ဗျ''

''ဘယ်လောက်ဖိုးဝယ်မှာလဲ''
ငှက်ပျောကြော်ရောင်းတဲ့အဒေါ်ကြီးကဒူရမ်တို့ဆိုင်ကယ်နားကိုကပ်လာတယ်

''မဟုတ်ပါဖူးဗျ''
မဟုတ်ပါဖူးလို့ပြောခဲ့ပေမယ့် အရင်ဝယ်ပြီးမှဖြေမယ်ဆိုတဲ့အဒေါ်ကြီးရဲ့စကားကြောင့်ဒူရမ်လက်ထဲမှာငှက်ပျော်ကြော်အထုပ်တွေပြည့်နေပြီဖြစ်တယ်

အဒေါ်ကြီးပြောတဲ့နေရာရောက်တော့ ကော့ကကလေးမလေးကိုအရင်တွေ့တယ်
''ဒူရမ် ဟိုတစ်ယောက်လား''

''ဘယ်မှာလဲ''

''ဟိုမှာ''

''အဲ့တစ်ယောက်ပဲ''

ဒူရမ်ကကလေးမလေးနားကိုမြန်မြန်သွားလိုက်တယ်
''ဟယ်လို ကလေးလေး အကို့ကိုမှတ်မိရဲ့လား''

''မှတ်မိပါတယ်ရှင့်''
ကလေးမလေးကဖြေရင်းနဲ့ဒူရမ်ပေးခဲ့တဲ့ရေဘူးကိုထုတ်သောက်တယ်

Fish Upon the SkyWhere stories live. Discover now