🅿🅰🆁🆃 ••『2』

18.8K 1.3K 34
                                    

" ကိုကို ! မင်းက အရောင်ဆိုးရ သိပ်လွယ်လွန်းတဲ့ အဖြူရောင် ပိတ်ကားချပ်လေး "

[ Unicode]

" ရိပေါ်.... ထတော့ကွာ....မင်း ကိုကို့ ကို လိုက်ပို့မှာဆို...  မရရင် ကိုကို့ ဘာသာ သွားတော့ မှာနော်... "

အဖြူရောင်စောင်ထူထူ တွေ ကြားထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ရိပေါ် ကို ကျောင်းသွားဖို့ အဆင်သင့်ပြင်ဆင်ပြီးတဲ့ ရှောင်ကျန့်က နှိုးနေခြင်းဖြစ်တယ် ။

" ထပြီကွာ... ကိုကို... မင်း အရမ်းရစ်တာပဲ "

ဆူဆူအောင့်အောင့် နဲ့ပဲ ရိပေါ်က ခုတင်ပေါ်က ဆင်းပြီး... ရေချိုးခန်းထဲ ဝင်သွားတယ် ။
စောင်တွေကို ခေါက်သိမ်းကာ ခေါင်းအုံးတွေကို နေရာတကျ ပြန်ထားလိုက်တယ်။ ခုမှပဲ... သပ်သပ်ရပ်ရပ် ဖြစ်သွားတော့တယ်...။

ရှောင်ကျန့်နဲ့ ရိပေါ်က င​ယ်ငယ်တည်းကနေ ခုထိ တစ်ခန်းတည်းအိပ်ရတုန်း ။ ရှောင်ကျန့် ကို ဝမ်အိမ်တော်က မိဘမဲ့ ကျောင်းဆောင် ကနေ ခေါ်ယူပြီး မွေးစားခဲ့တယ် ။ ဖြစ်ပုံကတော့ ဝမ်ရိပေါ်ဆိုတဲ့ လူဆိုးကောင်
ကြောင့်ပင် ... ။

အဲ့​နေ့က ရှောင်ကျန့် ကို လိုချင်လို့ဆိုပြီး အော်ငိုတာ လုံးဝမရပ်ဘူး... ၊ ရိပေါ်က ရှောင်ကျန့်အတွကတော့  အရမ်းကြောက်ဖို့ကောင်းတယ်။

Sister ကြီးရဲ့ စကားတွေအပြင် ဒီခလေးလေးကိုလည်း သနားတာကြောင့် ရှောင်ကျန့် ဝမ်သခင်ကြီး မွေးစားတာကို လက်ခံလိုက်ရတယ် ။

ရိပေါ်က သူ့အပေါ် အရမ်းကောင်းပါတယ်
အမြဲလိုလို  သူ့ကို ခလေး လို ချုပ်ခြယ်တတ်တာက လွဲရင် ၊ လူတကာနဲ့ ပတ်သဝန်တိုနေတာက လွဲရင် ၊ တစ်ခါတစ်လေ....
ထူးထူးဆန်းဆန်း တွေ လုပ်ခိုင်းတတ်တာက လွဲရင် အရမ်းကို ကောင်းတဲ့ ညီလေး တစ်ယောက်ဘဲ.... ။

ရေချိုးခန်းထဲက ထွက်လာတဲ့ ရိပေါ်က 17 ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် ခန္ဓာကိုယ် အချိုးအစားက sexy ကျလွန်းတယ် ။
ခြောက်ပေနီးပါးရှိနေပြီ ဖြစ်တဲ့ ဒီခလေးက သူ့ကို အမြဲလိုလို မျက်စိအောက်အပျောက်မခံနိုင်အောင် ဂရုစိုက်လွန်းတယ်။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now