" ကိုကိုက အူယားစရာလေး "
[ Unicode]
" ဒီမှာ....ဟေ့လူ.... ခင်ဗျား ကို ခေါ်နေတာ မျက်ခွက်ကို ဟိုဘက်လှည့်မသွား နဲ့ "
ကျီယွမ် သူ့နောက်က တစ်ကောက်ကောက် လိုက်နေတဲ့ ဘဲကြီးကို နောက်လှည့်ကာ ခေါ်လိုက်ခြင်း ။ မသိရင် လူကို သူငယ်နှပ်စားများ မှတ်နေသလား မသိဘူး ၊ တစ်ဖက်လှည့်ပြီး အူကြောင်ကြောင် မျက်နှာပေးနဲ့ သူမသိသလို ပုံဖမ်းနေတာ ။
" ကိုယ့်ကို ပြောတာလား "
သူ့ကိုယ့်သူ လက်ညှိုးထိုးကာ မေးလာတဲ့ ဘဲကြီးကို ထုရိုက်ချင်စိတ် တဖွားဖွား ။
" ဒီနားမှာ ခင်ဗျား နဲ့ ကျနော် အပြင် ဘယ်သူကိုမြင်လို့လဲ "
" ဟင့်အင်း "
" ပြော....ဘာကိစ္စ ကျနော့် နောက်လိုက်နေတာလဲ "
" မင်းနောက်ကို...ကိုယ်မလိုက်ပါဘူး ...ဟို...
ကိုယ့်အိမ်က ဒီနားမှာမို့ "လိမ်ချင်လည်း လက်ပေါ်က rolex နာရီကြီး ကို ဖြုတ်ပြီးမှသာ လိမ်တော်မူပါ ဘိုးတော်ရေ ။ ဝတ်ထားတဲ့ နာရီမှ အားမနာ ။
"ဪ... ဒီ ရပ်ကွက် လူလတ်တန်းစားတွေ အများဆုံး နေကြတာဗျ ၊ တဆိတ်...ခင်ဗျား လက်ပေါ်က နာရီ နဲ့တင် ဒီက အိမ်တစ်လုံး ဝယ်လို့ရတယ် ဗျ ၊ မသိမှာဆိုးလို့ "
ခပ်ရွဲ့ရွဲ့ ကျီယွမ်ရဲ့ စကားသံကြောင့် ဘဲကြီး မျက်နှာက ပြုံးမယောင် ဖြစ်သွားတာမို့ မျက်စိလျင်တဲ့ ကျီယွမ် မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ပြုံးလိုက်တော့လည်း မဆိုသလောက်လေး ချောပါတယ် ။ ပိစိလေး
ကြည့်ကောင်းတယ်။" ခင်ဗျား...ကျနော်ကို ဘာကြောင့်နှောင့်ယှက်နေလဲ ကျနော်မသိဘူး ၊ ပြောချင်တာ က ကျနော်နဲ့ ဝေးဝေးနေ.... ခင်ဗျားလို လူနဲ့ မပက်သက်ချင်လို့ "
" ကိုယ့်လိုလူက ဘာဖြစ်နေလို့လဲ ၊
မင်းပြောကြည့် "ချက်ချင်းတည်သွားတဲ့ ဘဲကြီးမျက်နှာက တစ်ခုခု ကို အလိုမကျနေတဲ့ပုံပင် ။ သူ့ဘာသူ ဘာဖြစ်ဖြစ် ငါနဲ့ ဆိုင်တာကျလို့ ။
YOU ARE READING
ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )
Romance- သွေးမတော် သားမစပ် ဂျင်းညီအကို နှစ်ယောက်ကြားက သကာပေါ် ပျားရည်လောင်းထားတဲ့ ချိုမြမြ အချစ်ဇာတ်လမ်းလေး တစ်ခု - BJYX BURMESE FANFICTION Genre : possessive, sweet, romance Sᴛᴀʀᴛᴇᴅ - 10 - 8 - 2021 Eɴᴅᴇᴅ - 29 -10 -2021