🅿🅰🆁🆃 ••『13』

12.4K 962 87
                                    

" ခင်ဗျား က ကျနော့် ဘဝရဲ့ အရှင်သခင်လေးပါ ကိုကို "

[ Unicode]


" ရိပေါ် ~~~မလုပ်ပါနဲ့နော်.... "

သူ့ကို အရင် ဒေါသထွက်ပြီး စိတ်မထိန်းနိုင်အောင် လုပ်တာလဲ ကိုကိုပဲ....  ခုလဲ ကြည့် မျက်ရည် အရွှဲသားနဲ့ ဘယ်သူက အရင် လာစတာ လဲဗျာ  ။

" ခင်ဗျား စိတ်ထဲ ရှိတာပြော ကိုကို ။
ခင်ဗျား ဘာကို မကျေမနပ်ဖြစ်နေတာလဲ
ဆိုတာ ကျနော့် ကိုရှင်းရှင်းလင်းလင်း ပြော..၊ ခုလို လုပ်​နေတာက ကျနော်ကို ပိုစိတ်တိုစေတာပဲရှိမှာ  "

သူမေးလိုက်တော့ မျက်နှာလေး ကို အောက်ငုံ့ကာ မျက်ရည်တွေ သုတ်လိုက်ပြီး နှာခေါင်းလေး ကိုတရှုံ့ရှုံ့ လုပ်နေသေးသည် ။

" အတန်းထဲက ကောင်မလေးတွေက ပြောတယ် ။ ရိပေါ် မင်းက တခြားကောင်မလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ အပြင် ရယ်ပါ ရယ်နေသေးတယ်တဲ့ အစက ငါလည်း
မယုံပါဘူး ။ ဒါပေမဲ့ သူ့တို့ ကြည့်နေတဲ့ ဓာတ်ပုံထဲမှာ ကောင်မလေးက မင်းနဲ့အတူ လက်တောင်ချိတ်ထားကြသေးတာ ။ " 

အဟက်...  ခင်ဗျားက ကျနော့်ကို သဝန်တိုနေတာပဲ ကိုကို ။

" တစ်ချိန်ကျ မင်းလည်း မင်းချစ်တဲ့သူ ပေါ်လာမယ်ဆိုပေမဲ့...  ငါ....ငါ ဝမ်းနည်းတယ်.... အဟင့်....မင်းက သူ့ကိုသာ ငါ့ထက်ပိုချစ်သွားရင်... ငါ့ကိုပြစ်ထားတော့မှာ
မလား ။ "

ကိုကို့ ရဲ့ စိတ်ဒဏ်ရာက ရိပေါ်ကြောင့်
ထွက်ပေါ်လာတာတော့ ရိပေါ် စိတ်မကောင်းပေ ။ ကိုကို သူ့ကို မချစ်တော့မှာ ၊ ပြစ်ထားခဲ့မှာ သိပ်ကြောက်တတ်သည် ။ မိဘတွေရဲ့ အိမ်ထောင်ရေး ပြသာနာတွေကြား နုနယ်လွန်းတဲ့ ခလေးငယ်ရဲ့ နှလုံးသားက ထိခိုက်ခဲ့ရသည် ။

ဖြစ်နိုင်ရင် ရိပေါ် ကိုကို့ မိဘဆိုတဲ လူတွေကို ငရဲထိလိုက်ပြီး သတ်ပြစ်ချင်မိသည် ။ကိုကိုက သူတို့ကြောင့် ဘယ်လောက်တောင်နာကျင်ခဲ့ရမလဲ ၊ နောက်ကျမှ ဆုံစည်းစေတဲ့ ကံကြမ္မာ ကိုလည်း မုန်းသည် ။သူသာ ဒီထက်စောစော ကိုကိုနဲ့ တွေ့ခဲ့ရင်..ဒီလို
မနာကျင်ရအောင် သူကာကွယ်ပေးမှာ ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now