" ရိပေါ် က အကြမ်းပတမ်း နိုင်သည် "
[ Unicode]
အိမ်အနောက်ဘက် လူတစ်ကိုယ် ဝင်စာ အပေါက်ကလေး ကနေ အပြင်ဘက်ကို ခိုးထွက်လာခဲ့လိုက်သည် ။
" ဟူး....နောက်ဆုံးတော့ ရောက်ပြီကွ..."
အပြင်လောကကြီး ကိုကြည့်ရင်း ရှောင်ကျန့် စိတ်ထဲ လွတ်လပ်ပျော်ရွှင်သွားသလိုခံစားလိုက်ရသည် ။ အပြင်မထွက်ဖြစ်တာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ ။
နောက်ဘက် လမ်းကြားကနေ ပုန်းကာဝှက်ကာဖြင့် သွားနေရင်းမှ မကြာလိုက်... main လမ်းမကြီး ကိုရောက်သည်။ ရှေ့မှာ bus stop တွေ့တာကြောင့် ထူးထူးခြားခြား ဖြစ်အောင် bus စီးပြီးသွားဖို့စဥ်းစားလိုက်သည်။ကားရောက်လာတော့ ပုံးထဲ --- ယွမ် ထည့်လိုက်ပြီး သုံးခုံမြောက် အတန်းမှာ ဝင်ထိုင်လိုက်သည်။
ရုံးသမား တွေ အလီလီ ရုံးချိန်ရောက်ပြီ ဖြစ်သလို ၊ ကျောင်းသားတွေလည်း ကျောင်းတက်ချိန် ရောက်ပြီး ဖြစ်တာကြောင့် ကားက လူရှုပ်မနေပေ ။
အိတ်ထဲမှာ ပါလာတဲ့ head phone အပြာရောင်လေးကို ယူကာ တပ်လိုက်ပြီး ဖုန်းနဲ့ချိတ်လိုက်တယ် ။ ရိပေါ်က သီချင်းတွေ
ထည့်ထားပေးတာကြောင့် သူမှာ သီချင်းတော့ နားထောင်ခွင့်ရသည်။Calum Scott ( You are the reason)
သီချင်းသံ ငြိမ့်ငြိမ့် လေးက ရှောင်ကျန့် စိတ်ခံစားချက် အလုံးစုံကို သိမ်းကျုံးယူသွားသည်။ ပတ်ဝန်းကျင်တစ်ခု လုံးနဲ့ လက်ရှိသူရောက်ရှိနေတဲ့ နေရာတစ်ခုလုံးက ဗလာကျင်းလျက် ။
🎼 I'd climb every mountain
And swim every ocean ,
Just to be with you
And fix what I've broken
Oh, cause I need you to see~~~
The~~ You Are The Reason ~~ 🎼
_
ရုံးခန်းထဲက ဆုံလည် ခုံပေါ်မှာ macebook ကိုကြည့်ပြီး.... ရိပေါ် နှုတ်ခမ်းတစ်ဖက် ကော့တက်သွားတယ် ။
အစားကြီးလိုက်တဲ့ ကိုကို... ကြက်ကြော် ဆိုင်ထဲ ဝင်ပြီး ကြက်ကြော် ကို အပီအပြင်ကို ဆွဲနေသည်။ စားနေတာလည်း ကြည့်အုံး ပါးစပ်ကို sauce တွေ ပေပွလို့ ။ ပေ နေတဲ့ လက်နဲ့လည်း ဘေးက colar ကို ကိုင်ပြီး မော့သောက်လိုက်သေးသည် ။
YOU ARE READING
ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )
Romance- သွေးမတော် သားမစပ် ဂျင်းညီအကို နှစ်ယောက်ကြားက သကာပေါ် ပျားရည်လောင်းထားတဲ့ ချိုမြမြ အချစ်ဇာတ်လမ်းလေး တစ်ခု - BJYX BURMESE FANFICTION Genre : possessive, sweet, romance Sᴛᴀʀᴛᴇᴅ - 10 - 8 - 2021 Eɴᴅᴇᴅ - 29 -10 -2021