🅿🅰🆁🆃 ••『30』 Epilogue

15.3K 779 43
                                    

" ကိုကို့ကို ချစ်နေရဖို့ဆို ထာဝရဆိုတာ
မလုံလောက်ပါဘူး "

[ Unicode]


After 3 Years Later...... ,

မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့... အဖြူရောင် ပုံရိပ်ငယ်လေးက မီးဖိုခန်း တစ်ခုလုံး သူ့ခြေရာတွေထပ်နေအောင် ကို တစ်ယောက်တည်း ရှုပ်ယှက်ခပ်လျက် ။
ရှောင်ကျန့် အိပ်ရာနိုးတော့ လူဆိုးကောင်လေးက မနိုးသေး... ။ မနေ့ညက သူ့ကို စောင့်ရင် အိပ်ပျော်သွားတဲ့ ရိပေါ်က ဒီတလော အလုပ်ပင်ပန်းလွန်းလို့ ထင်သည် ။
မျက်နှာလေးကို ချောင်ကျသွားတာပဲ ။



နဖူးပြင်ထက်ကို မနက်တိုင်းပေးနေကျ morning kiss လေးပေးလိုက်ကာ...ခါးပေါ်က ရိပေါ့်ရဲ့ လက်တွေကို ဖြုတ်ပြီး တစ်ဖက်ခန်းက သားငယ်လေးဆီ ။

အိပ်နေလိုက်တာများ ဒီခလေးပေါက်စ က သိုးလို့ ။ သားလေးမှာ ရိပေါ်နဲ့ တူတဲ့ ပါးဖောင်းဖောင်းလေး တွေရှိတယ် ၊ သားလေးကို ဂေဟာက တွေ့ခါစဆို ရိပေါ်နဲ့တူလွန်းလို့ သူ့မှာ အံ့ဩခဲ့ရသေးသည် ။



လက်ထပ်ပြီး တစ်နှစ်အကြာမှာ ရိပေါ်နဲ့ သူနဲ့ ရှောင်ကျန့်ရဲ့ မွေးရပ်မြေ ချုံချင်းက ဂေဟာငယ်လေးကို လိုအပ်တာတွေ ထောက်ပံ့ဖို့ သွားခဲ့ကြတယ် ။

Wang Group က လစဥ် ထောက်ပံ့နေသည်မို့ ဂေဟာက အရင်ကလို မကျပ်တည်း တော့ပဲ ချောင်လည်လာသလို ၊ ဝမ်းနည်းစရာကောင်းတာက စွန့်ပြစ်ခံရတဲ့ ခလေး တွေကလဲ မှိုလိုပေါက်လာတာပဲ ။


ဘာကြောင့်များ စွန့်ပြစ်ရက်ကြသလဲ ၊ ဒီလို အပြစ်မဲ့တဲ့ လူမမယ်... ခလေးငယ်တွေကိုလေ ။

တာဝန်ယူချင်စိတ်မရှိဘူးဆို ဘာကြောင့်များ လူလောကထဲ ဆွဲခေါ်ခဲ့ကြသေးသလဲ... ၊ ဒီလို စွန့်ပြစ်ခံ ခလေးတွေ များပြားလာခြင်းအပေါ်... သူတို့ ဘယ်သူကို သွားအပြစ်တင်သင့်သလဲ မိခင်စိတ်မရှိပါဘူး ဆိုပြီး မိန်းမငယ်လေးတွေကို ပြောဆို သင့်သလား ၊ ယောကျာ်း ဖြစ်ပြီး တာဝန်ယူချင်စိတ်မရှိတဲ့ ဖခင်လောင်းတွေကိုပဲ... အပြစ်တင် သင့်သလား ။

ဘာတွေဖြစ်နေနေ... ထိုခလေးငယ်တွေကတော့ မိဘမဲ့ ဆိုတဲ့ စိတ်အမာရွတ် တစ်ခု ရခဲ့ကြပြီးပြီလေ ။


ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now