🅿🅰🆁🆃 ••『5』

14.5K 1.1K 31
                                    

" ကိုကိုက သိပ်ဆိုးလွန်းတယ် ကွာ  ! "

『Unicode』

ကျောင်းကနေ အိမ်ကိုပြန်တဲ့ လမ်းတစ်လျှောက်လုံးမှာ.... ရိပေါ်က ရှောင်ကျန့်ကို တစ်ချက်မှပင် လှည့်မကြည့် ။
လွယ်အိတ်ကြိုးလေးကို သာခပ်တင်းတင်း ဆွဲကိုင်ပြီး စကားပြောဖို့ ကြိုးစားပေမဲ့
စကားသံတွေက ထွက်ကျမလာ.... ။

ရိပေါ် သူကို စိတ်ဆိုးနေမှန်း... သိတယ်...
သူ့ဆို အမြဲ သည်းသည်းလှုပ်ဖြစ်နေတတ်တဲ့ ကောင်လေးက အဲ့လို ဖြစ်နေတော့
ရှောင်ကျန့်မနေတတပ်ပါ ။

သူမှာ တွယ်တာစရာ ဆိုတာ ရိပေါ် အပြင်
မရှိ ။ ပါးနဲ့ မားထက်ပင် ရိပေါ်ကို သူပိုပြီးချစ်ပါသည် ။ ဒီလိုနဲ့ပဲ သူတို့ ဝမ်အိမ်တော်ကို ရောက်လာခဲ့တယ် ။ မား က သူတို့နှစ်ယောက်ကို အပေါက်ဝကနေ ဆီးကြိုနေတယ်။

ဒါက မား အကျင့်ပင် မားက သူတို့နှစ်ယောက်လုံးကို အရမ်းချစ်တာ သူသိတယ်။ မွေးစားသား ပေမဲ့ ခုချိန်ထိ ဒီအိမ်တော်မှာ သူမျက်နှာငယ်ခဲ့ရတာ တစ်ခုမှ မရှိသေး။

" သားဝမ်... အားကျန့်.... ပြန်လာကြပြီလား ၊ မား သံပုရာရည်လေး ဖျော်ပေးရမလား "

ရိပေါ်က ကားပေါ်က ဆင်းလာပြီး လွယ်အိတ်ကို ဆွဲယူကာ မကြည်မလင် မျက်နှာထား နဲ့ပဲ အပေါ်ထက်ကို တက်သွားတယ် ။

" ရိပေါ်....ကျောင်းမှာ ပြသာနာလေး ရှိခဲ့လို့ပါ မား... "

မနေနိုင်သည့် သူကပင်  ကြားထဲကနေ
ဝင်ရှင်းပြရသေးသည် ။ မားကတော့ ခပ်ပြုံးပြုံး ပင် ရှောင်ကျန့် ပခုံးကိုပုတ်ကာ အဆင်ပြေကြောင်း ပြသလေသည် ။

" သားဝမ် အကျင့် မားသိပါတယ်ကွယ် ။ သားချော့လိုက်ရင် အဆင်ပြေသွားမှာပါ "

ရှောင်ကျန့်လည်း အပေါ်ကို အမြန်ပြေးတက်လာရသည် ။ သူ့ညီလေး သူကို စိတ်ဆိုးနေတယ် မလား ။ အခန်းတံခါး ဖွင့်လိုက်တော့
ရိပေါ်က ဖွင့်ထားတဲ့ ပြတင်းပေါက်ကို ငေးကြည့်ကာ လက်ထဲမှာလည်း စီးကရက် တစ်လိပ် ကိုကိုင်ထားသေးသည် ။

မဟုတ်ဘူး သေချာပေါက်  ဆေးလိပ် ကို ရှိုက်ထားတဲ့ ပုံ။

ချက်ချင်းပင် အခန်းထဲ ပြေးဝင်ကာ ရိပေါ်ဘေးရပ်လိုက်ပြီး ထပ်သောက်ဖို့ ပြင်နေတဲ့ ဆေးလိပ်ကို ဖြတ်ယူလိုက်ကာ ဘေးက အမှိုက်ပုံး လေးထဲ ထည့်လိုက်တော့ ရိပေါ့်
အကြည့်စူးစူး က သူ့ဆီဆိုက်ရောက်လာသည် ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now