🅿🅰🆁🆃 ••『24』

9.6K 798 80
                                    

" ဝမ်ရိပေါ်က ရှောင်ကျန့်အပိုင် "

[ Unicode]


" အစ့်! နာတယ် ရိပေါ် ရဲ့... လွှတ်တော့ "

ရှောင်ကျန့် လည်ပင်းသား ကို သူ့သွားစွယ် ချွန်လေး တွေ နဲ့ ကိုက်ခဲနေတဲ့ ၊ ရိပေါ်
ကြောင့် ရှောင်ကျန့် မှာ မသက်သာ ။

" ကိုကို.... က တကယ်မွှေးတာ... ။ သားအများကြီး ကြိုက်တယ်... "

" ရိပေါ်.. ဆေးသောက်ရမယ်လေ "

" ဟင့်အင်း "

" ရိပေါ်က လိမ္မာပါတယ် ။ ဆေးက ပိစိလေးပဲ ခါးမှာ... ။ ကိုကို့... ကို ယုံတယ်မလား "

သူ့ရင်ခွင်ထဲမယ်... ခေါင်းတသွင်တသွင် ယမ်းခါနေတဲ့ ရိပေါ် ကြောင့် ရှောင်ကျန့် ငိုချင်လာသည် ။ ရိပေါ် ကို ဆေးတိုက်ရမှာထက် ၊ ကျားမြီးသာ သူ သွားဆွဲလိုက်ချင်တော့တယ် ။ ရှောင်ကျန့် စားပွဲပေါ်က ချိုချဥ် ဘူးလေး ကို လှမ်းယူလိုက်ပြီး  ရိပေါ် ကို ဆေးတိုက်ဖို့ အကြံ ရသွားတော့သည် ။

" ရိပေါ်.... ။  ချိုချဥ် စားချင်လား "

ချိုချဥ် ဆိုတော့ သူ့ရင်ခွင်ထဲ ကနေ ထွက်ကာ ချိုချဥ် ကို ဘလင်း ဘလင်း ထတဲ့အထိ
တလက်လက် တောက်နေတဲ့ မျက်လုံး လေးတွေနဲ့ ကြည့်နေလေသည်။ ရိပေါ်...ငယ်ငယ်က ချိုချဥ် ​သိပ်ကြိုက်တာ...၊ သူသိတာပေါ့ ။

" အွင်း "

" ဒါဆို ဆေးအရင်သောက်ရမယ် ။ ပြီးရင် ကိုကိုက ချိုချဥ် ကျွေးမယ် ဟုတ်ပြီလား "

" သား... ဆေးမကြိုက်ဘူး "

" ပိစိလေး ပဲ ခါးတာပါ ရိပေါ်ရဲ့။ ကိုကို့ ကို
မယုံဘူးလား "

" ကိုကို့ သဘော... "


မျက်နှာ ငယ်လေးနဲ့ ...... ပြောတော့မှဘဲ ကိုကို့ သဘော ဆိုတာ ထွက်လာတော့သည် ။ ပြောပါတယ် ရိပေါ်က ရှောင်ကျန့် မျက်နှာကို တစ်ချက်တောင် အညှိုးမခံပါဘူးဆို ၊ သူကောင်လေးက အတိတ်မေ့နေတာတောင် သိပ်ပြီး ချစ်ဖို့ကောင်း။ဆေးလုံးတွေကို တစ်ပြိုင်တည်း သောက်လိုက်ပြီး ရိပေါ်က သူ့လက်ထဲက ချိုချဥ်လုံးလေးကို ယူကာဖောက်လိုက်ပြီး ရှောင်ကျန့် ပါးစပ်လေးထဲ ထည့်လိုက်တယ် ။


ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now