🅿🅰🆁🆃 ••『26』

10.3K 791 78
                                    

" လက်ထပ်ကြစို့ "

[ Unicode]



ဒါက ရိပေါ် အသံပင် မဟုတ်ပါလား ။

" ရိပေါ်..."

" ကြာကူလီကောင် !  ခွေးသား ။ "

* ခွပ် * * ခွပ် *

ရှောင်ကျန့် ကြောင်အနေရာမှ သတိဝင်လာတော့ ထျန်ရှင်း မျက်နှာ တစ်ခုလုံး စုတ်ပြတ်သတ်နေပြီပင် ။

" တော်ပြီ...ရိပေါ် ။ တော်တော့လို့ "

ရှောင်ကျန့်ရဲ့ တားမြစ်သံက အကျိတ်အနယ် ထိုးနေတဲ့ လူနှစ်ယောက်ကြားမှာတော့
တိုးမပေါက်ခဲ့ ။

" ရိပေါ်....အဟင့်..! ။  တော်ပါတော့ "

ရှောင်ကျန့် ထျန်ရှင်းရှေ့မှာ ရပ်ကာ
လက်ဆန့်တန်းပြီး ကာပေးလိုက်သည် ။
ထျန်ရှင်း ဆီရောက်လာမည့် ရိပေါ့်
လက်သီးက ၊ ရှောင်ကျန့် က ရှေ့ဝင်ကာလာတော့ မျက်စိရှေ့နားလေးတင် ရပ်တန့်သွားလေသည် ။ရှောင်ကျန့် လက်ကောက်ဝတ်ကို အကြမ်းပတမ်း ဆွဲယူကာ ကျောင်းဝန်းထဲကနေ ရိပေါ်က  ဆွဲခေါ်သွားသည် ။ လက်ထဲက ပါလာသမျှ ပစ္စည်းတွေလည်း ကျလို့
ကျနဲ့....လမ်းတစ်လျှောက် ​ပွစာကို ကျဲနေရော ။

" နာတယ်  ...၊ ရိပေါ် "

ရှောင်ကျန့် အသံကြားတော့မှ စိတ်ကို လျော့လိုက်ပုံ ပေါ်သည် ။ အသက်ရူသံက ပုံမှန် ပြန်ဖြစ်လာပြီး ရိပေါ် ဆုပ်ကိုင်ထားတဲ့
ရှောင်ကျန့်ရဲ့ လက်ကောက်ဝတ် လေးကိုလည်း လွှတ်လိုက်သည် ။ရိပေါ့်ရဲ့ လက်ရာ ကြီးကတော့ ရှောင်ကျန့်ရဲ့ လက်ကောက်ဝတ်လေး မယ်.... ထင်းလို့ ။

" ရိပေါ်.... ။ မင်း...သတိပြန်ရလာတာလား "

" သတိ ပြန်ရတယ် ဆိုရအောင် ...။ ကျနော့်မှ အတိတ်မမေ့ခဲ့ဘဲ "

" ရိပေါ် "

အံ့ဩလွန်းလို့ ရှောင်ကျန့်မှာ ရိပေါ် ဟုသာ အသံထွက်နိုင်တော့သည် ။

" အေး... ခင်ဗျား သိချင်တာ ​သိပြီးပြီဆိုတော့။ကျုပ်ကိုပြော...အဲ့ကောင်နဲ့ ခင်ဗျား လူမြင်ကွင်းမှာ ဘယ်လိုတွေတောင် ဖြစ်ပျက်နေကြတာလဲ "

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now