🅿🅰🆁🆃 ••『7』

15K 1K 28
                                    

" ကိုကို နဲ့ အတူ ဖြတ်သန်းခဲ့သော
တစ်နေ့တာ "

[ Unicode ]

⚠ Contain a little warning for under 18 ⚠


" ရိပေါ်...... "

" မရဘူး.... ငါ့ကို အဲ့လို ချွဲနေရုံနဲ့ လုံးဝလိုက်
မပို့နိုင်ဘူး ။   final semester က ဖင်နား
ကပ်နေပြီ ။ ခုထိ စားဖို့သောက်ဖို့စဥ်းစားနိုင်တုန်း ။  "

 

" ရိပေါ် လို့ ! ကိုကိုက အဲ့ ဒါလေး စားလိုက်
ရမှ အာရုံစူးစိုက်မှု့အား ပိုကောင်းလာပြီး စာတွေ အများကြီး လုပ်နိုင်မှာလေ ။ နော်လို့... နော် ... ။ "

" delivery နဲ့ မှာလိုက်မယ် ။ ရတယ်မလား ။ "

"  မရဘူး  ! ။   "

" ကိုကို မရစ်စမ်းနဲ့ကွာ ။
ဘယ်မှာစားစား ဒီဆိုင် ဒီအရသာပဲမလား ။ "

" မတူပါဘူးဆို ။ မရဘူး ငါက ဆိုင်မှာဘဲ
စားမှာ။  "

ဖြစ်ပုံက တော့ ဒီလို....  မနေ့က ကျောင်းဆင်းပြီး ပြန်လာတော့ ဘယ်ကနေ ကြားလမှန်း မသိတဲ့ ကိုကို က စီချွမ်း hotpot စားချင်ပါသတဲ့ ။ဒီလောက် အာပြဲအောင် စပ်တဲ့အရသာကို ကိုကို ဘာကြောင့် စားချင်နေလဲသူမသိ ။

ခုလည်း လိုက်မပို့ဘူးဆိုလို့  ဂိမ်းတိုက်နေတဲ့ ရိပေါ် ဘေးနား လာရစ်နေခြင်း ။ကိုကို့ ကောင်းမှု့ကြောင့် တစ်ကောင်မှပင် မသတ်လိုက်
ရပဲ Game Over သွားရသည် ။

ဆော့နေတဲ့ ဖုန်းကို ချလိုက်ကာ သူ့ဘေးနား ထိုင်ရစ်နေတဲ့ ကိုကို့ ကို ပေါင်ပေါ် ဆွဲတင်လိုက်တော့ မျက်လုံးပြူးပြူးလေး နဲ့ ကြည့်လာသေးသည် ။မက်မွန်သီး နံ့ သင်းသင်း လေး ရနေတဲ့ ကိုကို့ လည်တိုင်မှာ အသာ မျက်နှာအပ်ကာ love bite လေး ပေးလိုက်တော့ ။အာ့ခနဲ အသံထွက်ပြီး သူ့လည်ပင်းကို လက်နဲ့ ကာပစ်ကာ ရိပေါ်ကို မျက်စောင်းခဲကာ ကြည့်လာသည် ။


" ကျနော် ဆိုင်ကောင်းကောင်းလေး စုံစမ်းလိုက်မယ် ။  ခဏနေ အဝတ်လဲထား ။ "

" ရေးစ်   !   ရိပေါ်က အကောင်းဆုံးပဲ ။
ချစ်လိုက်တာ မွစ်....မွစ်...."

မျက်နှာအနှံ့ တရစပ်နမ်းကာ ပျော်နေတဲ့ ကိုကိုက လိုချင်တာ ရသွားတဲ့ ခလေးပေါက်အသွင် ။ကိုကို ကတော့ရိုးရိုး နမ်းတာ သူ့အောက်က အကောင်ငယ်က တော့ မနေနိုင်တော့သည်ထင်.....ထောင်မတ်လာသည် ။
ညစ်ကျယ်ကျယ် ပြုံးလိုက်တဲ့ ရိပေါ်အတွေးက ညစ်နွမ်းလွန်းလှသည် ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now