🅿🅰🆁🆃 ••『27』

10.4K 731 123
                                    

" မြင်းစီးချင်လား ကိုကို "

[ Unicode]


" ဖေကြီး ရေ...ရှင်ဖိတ်ထားတာ လူကော
စုံရဲ့လား"

ဧည့်ခန်းထဲမှာ လူစာရင်း ပြန်စစ်နေတဲ့ ဝမ်သခင်မကြီးက သူမ ဘေးနားမှာ သူမပခုံးကို နှိပ်ပေးနေတဲ့ ဝမ်သခင်ကြီး ကိုမေးလိုက်ခြင်း။

" စုံပါတယ်... ။ မိန်းမရဲ့ "

* ဒေါက် *


" အာ့ "

ဝမ်သခင်မကြီးရဲ့ ခေါင်းခေါက်သံနဲ့ အတူ ၊ ဝမ်သခင်ကြီးရဲ့ အသံက တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည် ။

" ဒီမှာကြည့် ရှင်ဖိတ်ခဲ့တာ သုံးယောက်တောင် ကျန်ခဲ့တယ်... ။  ဘယ်နေရာမှ စိတ်ချရတယ်မရှိဘူး "

" မိန်းမ ကလည်းကွာ "

ဝမ်သခင်ကြီးက သူ့အမှားနဲ့သူမို့ တဟဲဟဲ ဖြင့်သာ ဝမ်သခင်မကြီးရဲ့ဇာတ်ကြောကိုသာ ထိုင်ဆွဲပေးနေလိုက်သည် ။

_


" ကိုကို..."

" အင်း "

Laptop ကနေ အကြည့်မခွာဘဲ လက်ကလည်း တဂျောက်ဂျောက် နှိပ်ရင်း ကိုကို သူ့ကို ဝတ်ကျေတန်းကျေ ဖြေလာသည်မို့ ရိပေါ် စိတ်ထဲ အလိုမကျချင် ။အလုပ်နားရက်ကလေးမှာ ချစ်သူနဲ့တော့ တီတီတာတာ လေးတွေ ထိုင်ပြောချင်တာပေါ့ ။ ကိုကို့နဲ့ အတူ ရုပ်ရှင်သွားကြည်ဖို့ သူ့မှာ လက်မှတ်တောင် ဝယ်ထားသေးတာ။Wedding ကလည်း နောက်လ ဆိုတော့ ရိပေါ်မှာ အတိုင်းထက်အလွန်ကို ပျော်နေရသည် ။

ထိုလူသားအား သူတစ်သက်တာလုံး ပိုင်ဆိုင်ခွင့်ရပြီ မဟုတ်လား ။ ဘယ်လောက်တောင် ပျော်ဖို့ ကောင်းလိုက်ပါသလဲ ။

" ကိုကိုလို့ "

" ပြောလေ...။ ရိပေါ်ရဲ့ ကိုကိုကြားတယ် "

ရှောင်ကျန့်မှာ လက်ကအရေးကိုလည်း
မပျက်စေရ ၊ ရိပေါ် ကျေနပ်အောင်လည်း ​ဖြေပေးရသေးတာမို့ သိပ်တော့အဆင်မပြေလှ ။ စာရေးရတာ အာရုံနောက်ပေမဲ့ ရိပေါ်ကိုတော့ သူမပြောရက်ပါ ။

* ဗုန်း *

" ရိပေါ် "

ရှောင်ကျန့် သူ့ Laptop  ကို အားကြီးနဲ့ ပိတ်ချလိုက်တဲ့ ရိပေါ်ကြောင့် လှည့်ကြည့်လိုက်တော့ သူ့ကို ဝါးစားမတတ် ကြည့်နေတဲ့ ရိပေါ့်ရဲ့ အကြည့်စူးစူး တွေနဲ့ တည့်တည့် တိုးလေတော့သည် ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now