🅿🅰🆁🆃 ••『3』

15.8K 1.1K 35
                                    

" အသစ်ရောက်ရှိလာတဲ့ ကျောင်းသားသစ်က နည်းနည်းထူးဆန်းတယ် "

『Unicode 』

ကျောင်းရောက်​တော့ ရိပေါ်က ကားကို
ကားပါကင် မှာ parking ထိုးလိုက်ကာ သူ့ကို အတန်းထဲ လိုက်ပို့ပေးတယ် ။

" ကိုကို... မင်း ငါ့စည်းကမ်းချက်တွေကို ဖောက်ဖို့ မစဥ်းစားနဲ့နော် ၊ ငါ ရန်မဖြစ်
ချင်ဘူး "

" အင်းပါ ၊ ကိုကို နားထောင်ပါ့မယ်...မင်း အတန်း နောက်ကျမယ်လေသွားတော့နော် "

" အင်း... ငါ့ကိုနမ်း "

" ဟင်.. လူတွေ အများကြီးပဲလေ "

ကျောင်းရဲ့ အလယ် စုဝေးရာ မှာ ဖြစ်တာကြောင့် ရိပေါ် ကို နမ်းရမှာ ရှောင်ကျန့် အနည်းငယ်တော့ ရှက်မိပါတယ် ။ ဒါကြောင့်လည်း ပြန်ပြီး အမေးထုတ်လိုက်ခြင်း ။

" ငါပြောတာကို အထွန့် မတက်နဲ့စမ်း ကိုကို ၊ မင်းနမ်းမလား ဒီနေရာမှာဘဲ မင်းအသက်ရူကြပ်တဲ့ အထိ ငါနမ်းရမလား ပြော... "

" အင်း... အင်းပါ "

ကျောင်းချိန် စောသေးတာကြောင့် လူသိပ်မရှိပေမဲ့ တော်တော်များများ တော့ ရောက်နေကြလေပြီ ။

*  မွစ် ! မွစ် ! *

ထိကပ်ရုံသာ နမ်းလိုက်ပြီး လွယ်အိတ်ကြိုးလေး ကို တင်းတင်း ကိုင်ကာ အဆောင်ထဲ ပြေးဝင်လာလိုက်သည် ။ ရှက်လွန်းလို့
အငွေ့ အဖြစ်သာ ပျောက်သွားချင်လိုက်မိတော့ သည် ။

အတန်းထဲ မှာဆိုလည်း ရှောင်ကျန့်က တစ်ယောက်တည်းထိုင်ရသည် ။ နှစ်ယောက်တွဲ ထိုင်ရသည့် ခုံအတန်းလေးမှာ တစ်ခြားသူတွေက ပြည့်နေပေမဲ့ သူ့ဘေးနားမှာတော့ ဘယ်သူမှ ရှိမနေ ။ Uni နောက်ဆုံးနှစ် သာ ရောက်နေပေမဲ့ ရိပေါ်က သူ့ကို မူကြို
ခလေးလို သာ သဘောထားသည် ။

သူ့အိမ်ရောက်ကတည်းက သူ့အမိန့် တွေ ၊ စည်းကမ်း ချက်တွေ အောက်သာ နေထိုင်ခဲ့ရသည်မို့ ကျင့်သား ပင် ရနေလေပြီ ဖြစ်သည် ။

ပါး နဲ့ မား က ဝင်ပြောပေမဲ့ ရိပေါ် ကို သူတို့
လည်း မနိုင် ၊ ရိပေါ် ကို အရမ်းချစ်တာကြ တာမို့ ရိပေါ် အပေါ် အလိုက်လိုက် လွန်းတဲ့ ပါးနဲ့ မားက လည်း နောက်ပိုင်း မှာတော့ ဝင်မပြောကြတော့ ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now