🅿🅰🆁🆃 ••『11』

12.5K 978 30
                                    

" ရှိသလား ဒီကမ္ဘာ မှာ မင်းကို ငါ့လောက်ချစ်နိုင်မဲ့ သူ "

[ Unicode]

ကျောင်း အားကစား ချိန်မှာ ကျီယွမ် တစ်ယောက် တစ်ခြားသူတွေနဲ့ မတူစွာ စာကြိုးစားတဲ့ သူ ဖြစ်တဲ့အလျောက် စာကြည့်တိုက်မှာသာ စာအုပ်ဌား ဖို့ စဥ်းစားလိုက်တယ် ။

စာကြည့်တိုက် က  ငြိမ်ငြိမ်သက်သက်ပါပဲ.... ။  ကျောင်းသား / သူ အနည်းငယ်သာ ရှိပြီး ကိုယ့်အာရုံနဲ့ ကိုယ်မို့ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည် ။

ညီညီညာညာ စီတန်းထားတဲ့ စာအုပ်တန်းကြီးတွေက သူ့ကို စိတ်လှုပ်ရှားစေသည် ။
သူက စာအုပ်တွေကို သိပ်သဘောကျတာ ။

မိခင်က တရုတ်နိုင်ငံသူ ဖြစ်ပြီး ဖခင်က ​
အမေရိကန် နိုင်ငံသား ဖြစ်သည့်အလျောက် ကျီယွမ်  က ကပြားဆန်ဆန်
ဟိုမကျဒီမကျ ဖြစ်နေသည် ။

သူ့ရဲ့ အပြာရောင် ကြည်ကြည်တောက်တောက် လေးတွေက ဖခင်ဆီက အမွေရခဲ့တာ ဖြစ်သည်။

ဖြူနုနေသည့် အသားအရေက
ဘာဝတ်ဝတ် သူ့ကို ပနံသင့်စေသည် ။
ဖြောင့်ဆင်းနေသည့် နှာတံ ၊ ပန်းရောင်
သွေးနေသည့် ခပ်ပါးပါး နှုတ်ခမ်းတစ်စုံ အပြင် ဆောင်းတွင်းဘက်ရောက်ပါက
သူ့ပါးနှစ်ဖက်က ပန်းရောင်ထတတ်
သေးသည် ။

အရပ်ကလေး ကယ်နေလို့သာပေါ့ ။
မဟုတ်ပါက မိန်းခလေး အများစု
ပြောကြတဲ့ ဘာဆိုလား... ဪ....
Uke type ဆိုလားပဲ အဲ့လိုတွေနဲ့
ဆင်တူသွားလိမ့်မယ် ။

သူက ခုချိန်ထိ မိန်းခလေးတွေပဲ တွဲခဲ့တဲ့
ရေမရောတဲ့ အဖြောင့်စစ်စစ် ကြီး ။ တစ်လောကလုံး က ယောကျာ်းတွေ
ကွေးချင်ကွေးကြ
လိမ့်မယ် ။

သူကတော့ သံချောင်းလိုကို
ဖြောင့်တန်းနေတာ ။

သူမသိခဲ့တာ က သံချောင်းလည်း
မီးတိုက်ပါက
ကွေးနိုင်တယ် ဆိုတာကိုပင်.... ။

" ငါးအုပ်လုံး  ဌားလို့မရဘူးလား တီချယ် ၊ ကျနော် assiagement အတွက် လိုအပ်လို့ပါ"

လက်ထဲက စာအုပ်တွေ တပွေ့တပိုက်နှင့်
ကျီယွမ်က စာကြည့်တိုက် တာဝန်ကျတဲ့
ဆရာမကို စျေးဆစ်နေခြင်း ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now