🅿🅰🆁🆃 ••『22』

10K 790 88
                                    

"ရိပေါ်က အတိတ်မေ့သွားတာလား "

[ Unicode]


Hoodie အဖြူကို short pant အနက်နဲ့ တွဲဝတ်ထားတဲ့ ကောင်လေးက ဆေးရုံ ခုတင်ပေါ် လှဲလျောင်း နေသော ကောင်လေးကို ရေစိုဝတ်လေးနဲ့ မျက်နှာ တစ်ဝိုက် ကို သန့်စင် ပေးနေသည်။သေချာကြည့်မယ် ဆိုပါလျှင် လူနာစောင့် ကောင်လေးရဲ့ မျက်ဝန်းတွေ မျက်ရည်စ​တွေနဲ့ ရစ်သိုင်း နေတာကို တွေ့ရလိမ့်မည် ။

" ရိပေါ် ၊ နောက်တစ်ပတ်ကျရင် ကိုကို တို့ final semester ဖြေရတော့မယ် သိလား ၊ ​ကိုကို စာတွေ အကုန် ပိုင်နေပြီ ခုဖြေတောင် ချက်ချင်းအောင်တယ် ၊ ဪ...ရိပေါ်ကို သတင်းကောင်းပြောရအုံးမယ်...
ရိပေါ် သူငယ်ချင်း ကျီယွမ်နဲ့ ထျန်ရှင်း တို့က ချစ်သူ တွေ ဖြစ်သွားကြပြီ တဲ့ ဟိုနေ့က ကျောင်းစုဝေးပွဲမှာ ထျန်ရှင်းက မိုက်ကြီး ကိုင်ပြီး ပြောတာလေ အဲ့တုန်းက ကျီယွမ် မျက်နှာများ ခရမ်းချဥ်သီးလေ ကျနေတာပဲ နီရဲ လို့ ၊

ထျန်ရှင်း နဲ့ ကိုကိုက သူငယ်ချင်းတွေ ဖြစ်သွားကြပြီ ၊ ရိပေါ်...စိတ်မဆိုးနဲ့နော် ကိုကို
က သူ့ကို သူငယ်ချင်းလိုပဲ ခင်တာပါ...
မြန်မြန် သတိရလာပေးနော်...
ရိပေါ် သတိမရလာရင် ကိုကိုက စိတ်ဆိုးတော့မှာ အဟင့်... ကိုကို တောင်းပန်ပါတယ် ...

ရိပေါ့် အစား ကိုကို သာ ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ ၊ ကိုကို့ ကို ချစ်ရင် မြန်မြန် သတိရလာပေးနော်... ရိပေါ် ပြောသလို ကိုကို တို့ စေ့စပ်ပြီး ကျောင်းပြီးတာနဲ့ လက်ထပ်ကြမယ် လေနော်... ကိုကို့ ကို စိတ်မဆိုးပါနဲ့ တော့ .......။ "

ပါးပေါ် စီးကျလာတဲ့ မျက်ရည်တွေ ကို သုတ်လိုက်ကာ ရေခွက် ထဲ ကို ရေစိုဝတ် ပြန်ထည့်လိုက်ပြီး ဘေစင်မှာ သွားထားလိုက်တယ် ။

ရိပေါ် ကိုမာ ဝင်ပြီး သတ်မေ့နေခဲ့တာ နှစ်လရှိခဲ့ပြီ ။

ဒီနှစ်လ လုံး ရှောင်ကျန့်မှာ
အရူးတစ်ယောက်လိုပဲ ရိပေါ့် ဘေးနားမှာ
အမြဲ လိုလို တစ်ယောက်တည်း တစ်နေ့တာ
ဖြစ်ပျက်သမျှတွေကို စီကာပတ်ကုံး ပြန်ပြောပြလေ့ရှိသည် ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now