🅿🅰🆁🆃 ••『23』

10.4K 827 115
                                    

" Recall memory to 8 years old "

[ Unicode]


" ကျနော် က ဘယ်သူလဲ "

ရိပေါ်ရဲ့ အမေးစကားက ရှောင်ကျန့်ကို
ရင်နင့်စေသည်။ ကိုယ့်ကိုကိုယ်တောင် မမှတ်မိတော့ဘူးတဲ့လား... ကိုကို့အပြစ်တွေပါ။

" သားဝမ်... သား မာမီတို့ကိုနောက်နေတာလား "

" ကျနော်က ဘယ်သူလဲ ။
ပြီးတော့ ခင်ဗျားကရော "

သခင်မဝမ်က ဝမ်သခင်ကြီး ရင်ခွင်ထဲ ဝင်ပြီးတော့သာ ရှိုက်ရှိုက်ပြီး ငိုနေသည် ။သူမရဲ့ သားလေးက သူမကိုမေ့သွားတာက သိပ်ဝမ်းနည်းဖို့ကောင်းသည် ။ ရိပေါ်က ခုတင်ခြေရင်းက ရှောင်ကျန့်ကို စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို စူးစမ်းနေသည်။ရှောင်ကျန့် ရင်ထဲ ထိတ်သွားရသည်...ရိပေါ်သာ သူ့ကိုမေ့သွားရင် သူခံနိုင်ရည်မရှိလောက်ဘူးထင်တယ် ။

" ကိုကို..."

ရိပေါ်ရဲ့ ခေါ်သံက ရှောင်ကျန့် ရင်ထဲ ခဲလုံးလေးပြစ်ထည့်လိုက်သလိုပင် ။

" သား ဆီ လာပါအုံး "

ဝမ်သခင်မ နဲ့ သခင်ကြီးက တော့ သူတို့ရဲ့
သားတော်မောင်အား အံဩလျက်ပင် ။
အတော်လေးကို မွေးရကျိုးနပ်သည့် သားလေးပင် ။ မိဘတွေကိုတော့ မေ့ပြီး သူ့အကို ကိုတော့ ​သတိရနေသတဲ့လား ။ ဪ.... ဝမ်းရည်စက် လိုက်တာ ။ မွေးထားတဲ့ ဗိုက်ချုပ်ရိုး ကတောင် နှစ်ပေါင်းများစွာ ကြာမှ နာလာသလိုပင် ။

ရှောင်ကျန့် ခုတင်နားဆီ တဖြည်းဖြည်း ချင်းရောက်သွားတော့.... ရိပေါ်က သူ့ကို ပြုံးလျက် စိုက်ကြည့်နေသည် ။သူ့လက်ကို ဆော့ဆွဲလိုက်တာကြောင့် ၊ အရှိန် မထိန်းနိုင်စွာ ပင် ရှောင်ကျန့်က ခုတင်ပေါ် ထိုင်နေတဲ့ ရိပေါ့် ရင်ခွင်ထဲ တန်းတန်းမတ်မတ် ကို ရောက်ရှိသွားသည် ။

" ကိုကို... သူတို့က ဘယ်သူတွေလဲ ဟင် "

မား နဲ့ ပါး ကို လက်ညှိုးထိုးပြကာ ရှောင်ကျန့်နား ကပ်ကာ ခလေးလို နှုတ်ခမ်းထော်ပြီး ပြောလာသည့် ရိပေါ်က သူငယ်ပြန်နေသလားပင် ။

" ရိပေါ်... က တကယ် မသိဘူးလား "

" အွန်း... "

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now