Our Precious Memory 💜1💜

477 18 0
                                    


(Unicode)

ဆောင်းရာသီရဲ့ မနက်ခင်းလေးတစ်ခု ၊ နေမင်းကြီးဟာ လုံးလုံးလျားလျား ထွက်မလာသေးသော မှောင်ရီပျိုးပြ အချိန်

"တီ...တီ...တီ...⏰⏰⏰"

အဆက်မပြက် နှိုးသံပေး မြည်နေသော နာရီလေးဟာ လက်သွယ်သွယ်လေးတွေရဲ့ စေခိုင်းချက်ကြောင့် အသံတိတ်သွားချေပြီ။

အိပ်ယာမှထရင်း နံဘေးကို ကြည့်လိုက်တော့
သိပ်ချစ်စရာ ကောင်းတဲ့ အနှီလူသားလေး။
ဝါဂွမ်းစိုင်ပါးနုနုလေးတွေပေါ် အမွှေးကြူကြူလေးတွေ တသီကြီးခြွေကာ စောင်ကိုလုံအောင်ခြုံ၍ နွေးထွေးစေလိုက် သည့်
ကင်မ်ထယ်ယောင်း ။

မျက်နှာသစ် သွားတိုက်ပြီးလို့ ထွက်လာသော်
လည်း ချက်ချင်းဝင်ရသည်မှာ စားဖိုဆောင်လေးထဲ ။ ကျဥ်းမြောင်းသော တိုက်ခန်းလေးမို့ ဧည့်ခန်းနဲ့ စားဖိုဆောင်ဟာ တွဲလျက်။

ထမင်းဗူးလေးထဲကို ထမင်းထည့်ပြီးအပေါ်က ကြက်ဥကြော်၊ ကြက်ဥချောင်း၊ ငုံးဥ၊ အသီး
အနှံလေးတွေနဲ့ စားချင်စဖွယ် ပြင်ဆင်ထား
သည်မှာ စားဖိုဆောင် ကိစ္စ နိုင်နင်းသူ အသေ
အချာပင်။
အိပ်ခန်းထဲသို့ပြန်ဝင်ကာ ခုတင်ဘေးက ခရမ်းရောင်စာအုပ်စင် သေးသေးလေးမှ စာအုပ်လေးတွေ ၊ ရောင်စုံခဲတံလေးတွေ
ယူကာ အနီရောင် အသည်းပုံ ကျောပိုးလွယ်အိတ်လေးထဲသို့  ထည့်လိုက်သည်။

" papa အူကြူးလေး ထတော့လေ
ကျောင်းသွားရမယ် ထတော့ "

စောင်ပုံလေးထဲမှာ မျက်နှာလေးဖော်ကာ
နစ်မြုပ်ပြီး အိပ်နေသော လူသားလေးရဲ့
ဝါဂွမ်းစိုင်ပါးနုနုလေးတွေကို မြတ်နိုးစွာ
ဖြစ်ညစ်လိုက်တော့ အနှီလူသားလေးက
တအင့်အင့်နှင့်။
ပါးနှစ်ဖက်ကိုဖြစ်ညစ်လိုက်တော့ စူထွက်လာတဲ့ နှုတ်ခမ်းလေးမှာ စတော်ဘယ်ရီသီးလေး
အလား။
နှိုးတဲ့သူမှာလဲ အလိုလိုနှုတ်ခမ်းလေးစူမိ၏။

" အူကြူးလေး ထပါတော့လို့ "

ထိုအခါမှ မျက်လုံးလေး ပွတ်သပ်ကာ ထလာ
ပါသော အနှီလူသားလေး ကင်မ်ထယ်ဆူ ။

" လာ papa က အူကြူးလေးကို မျက်နှာသစ်
သွားတိုက်ပေးမယ် ပြီးရင် papa နဲ့ တူတူ
ရေနွေးနွေးလေး ချိုးမယ်" 
လို့ ချီဖို့အသင့်ပြင်ရင်း ထယ်ယောင်း ပြောလိုက်တော့
ခုတင်ထက်က ထယ်ဆူလေးက လက်နှစ်ဖက်ကို ဆန့်ပြရင်း မိမိကိုချီခိုင်းစေကာ

Our Precious Memory ( Completed) Where stories live. Discover now