OPM💜10💜🚨Warning 🚨

258 12 0
                                    

(Unicode)

🍁🍁🍁Memory (4)🍁🍁🍁

အမှန်တိုင်းပြောရရင် ကျွန်တော် ဂျောင်ဂုတို့ အိမ်က ပြန်လာကတည်းက ဘာတစ်ခုမှ အဆင်မပြေပါဘူး၊ ဂျောင်ဂုကို အရမ်းလွမ်းတယ်၊ အရမ်းလည်း သတိရတယ် ဂျောင်ဂုကတော့ ကျွန်တော့ကို မုန်းသွားပြီ ထင်ပါ့။ ဘာမှ မပြောဘဲ ထွက်လာခဲ့တာကိုပေါ့။

"ဒေါက်.....ဒေါက်......ဒေါက်...."

ညကြီးမင်းကြီး အချိန်မတော် တံခါးခေါက်သံက ဘယ်သူလာတယ်ဆိုတာ ထယ်ယောင်း သေချာမသိ။

"ဘယ်သူလဲ....."

"...................."

"ဒေါက်....ဒေါက်.....ဒေါက်....."

ဘာမှ ပြန်မဖြေဘဲ တံခါးပဲ ခေါက်နေတာကြောင့် ထယ်ယောင်း စိတ်မရှည်တော့။

"ဘယ်သူလဲလို့မေး......."

တံခါးဖွင်လိုက်တော့ ထိုသူက ဂျောင်ဂု

" ဂျောင်ဂု..... "

တံခါးဖွင့်တာနဲ့ ထယ်ယောင်းကို ဂျောင်ဂု တင်းကြပ်စွာ ဆွဲဖက်လိုက်သည်။

" အရမ်းလွမ်းနေခဲ့တာ.....
အရမ်းသတိရနေခဲ့တာ..."

"ကျွန်တော်ရောဘဲ......."

"ကိုယ်နဲ့ ထွက်ပြေးကြမယ်"

" ဟမ်...ဥက္ကဋ္ဌကြီး....."

"ရှူး......."

ဆက်မပြောရအောင် ထယ်ယောင်းရဲ့ နှုတ်ခမ်းလေးကို လက်ညိူးလေးနဲ့ တေ့ပိတ်ကာ ခေါင်းရမ်းပြလိုက်သည့် ဂျောင်ဂု

" အဲ့တာတွေ လျှောက်တွေးမနေနဲ့ တစ်ခုပဲဖြေ....
ထယ်ယောင်း ကို့ကို ချစ်လား...."

"ချစ်တယ်..... "

"ဒါဆို ဘာမှ စိတ်မပူနဲ့ ကိုယ့်နောက်ကို ယုံယုံကြည်ကြည်နဲ့ သာလိုက်ခဲ့...နော်...."

ထိုစကားကြားရုံနဲ့ ထယ်ယောင်းရဲ့ မျက်ရည်ကြည်လေးတွေ စီးကျလာသည်။
ဂျောင်ဂုက ထိုမျက်ရည်လေးတွေကို လက်မလေးနဲ့ ဖိသုတ်ပေးလိုက်ကာ...

"အရမ်းချစ်တယ်....ယောင်းရယ်......"

************************************

ဂျောင်ဂုတို့ ခိုးပြေးလာတဲ့နေရာက ဒယ်ဂူမှာ ရှိတဲ့ အစ်ကိုဟို့ဆော့ပိုင်တဲ့ တိုက်ခန်းလေးတစ်ခု။

Our Precious Memory ( Completed) Where stories live. Discover now