Our Precious Memory 💜5💜

218 11 0
                                    


(Unicode)

ထယ်ယောင်း မနက်အလုပ်လာတော့ ဝန်ထမ်း
မိန်းကလေးတွေဆီက အသံသဲ့သဲ့ ကြားလိုက်ရသည်က

Girl 1 - "ဟဲ့... CEO က ချောလိုက်တာနော်"
Girl 2 - "ဟုတ်ပါအေ့...Smart ကျလိုက်တာ
              လဲ လွန်ပါရော"
Girl 3 - "ငါကတော့ အတော် ကြွေနေပြီအေ့
              ခ်....ခ်...."

မနေ့က ထယ်ယောင်း နဲ့ ဒုံဟွန်း တစ်နေကုန်
ရုံးခွဲမှာပဲ နေရသည်မို့ CEO အသစ်ကို မတွေ့
လိုက်ရဘူးလေ။
သူတို့ပြောနေပုံ အရတော့ ဂျွန် ဖြစ်နိုင်ကောင်း
ပါရဲ့ ။ မနေ့က ဂျွန့် ကို တွေ့လိုက်တာမို့ ။

မန်နေဂျာချုပ် က ထယ်ယောင်း နဲ့ ဒုံဟွန်းကို
CEO အသစ်နဲ့ မိတ်ဆက် ပေးဖို့ CEO ရုံးခန်း
ထဲသို့ ခေါ်သွားလေသည် ။
ထယ်ယောင်း ထင်တဲ့ အတိုင်းပါပဲ မန်နေဂျာချုပ် မိတ်ဆက်ပေး တဲ့ CEO အသစ် က
ဂျောင်ဂု ဖြစ်နေပါလေရဲ့ ။

"ဒါ CEO ဂျွန်ဂျောင်ဂု "

မန်နေဂျာချုပ်ရဲ့စကားကြောင့် ထယ်ယောင်း နဲ့ ဒုံဟွန်း လည်း ဂျောင်ဂု ကို  အရိုအသေ ပေးလိုက်သည် ။

" သူတို့က project တာဝန်ခံ တွေပါ CEO၊
သူက ကင်မ်ထယ်ယောင်း ၊ သူက လီဒုံဟွန်း ပါ"

ဟုတ်နေတာပဲ ကျွန်တော် မနေ့က ကြားလိုက်တဲ့ ထယ်ယောင်း ဆိုတဲ့ နာမည်လေးက သူ့နာမည်လေး ဖြစ်နေတာပဲ ။ ထယ်ယောင်းရေ မင်းလေးကတော့ နာမည်လေးနဲ့ လိုက်ဖက် နေရောပဲကွာ။

ဂျောင်ဂု မိမိစားပွဲပေါ်မှာ အလုပ်လုပ်နေရင်း အကြည့်က အလိုလို ရောက်မိနေသည်က ထယ်ယောင်း ရှိရာဆီသို့ ။ ဂျောင်ဂု ကြည့်နေတာလဲ ထယ်ယောင်း မမြင်နိုင်ပါ။
CEO အခန်းက မှန်တွေနဲ့ ကာရံထားတာမို့
အတွင်းကနေ အပြင်ကိုမြင်ရသော်လည်း
အပြင်ကနေ အတွင်းကိုတော့ မမြင်ရချေ။

ကျွန်တော့်မြင်ကွင်းထဲကို အလိုလိုရောက်လာတဲ့ ကောင်လေး။ သူကို မြင်ရတာ ကျွန်တော့်
ရင်ထဲမှာအေးချမ်းနေသလို တပြိုင်နက်တည်း ရင်ဘက်ကြီး တစ်ခုလုံး ဟာလည်း ဟာတာတာ ခံစားချက်။ မင်းလေးက ဘာမို့လို့ ငါ့ရင်ကို လာပြီး အန္တရာယ် ပြုနေတာလဲ။
ဂျောင်ဂု ရဲ့ အတွေးတို့ဟာ မျက်နှာမှာ အပြုံး
တွေအဖြစ် တစ်ချက် လင်းသွားခဲ့သည်။

Our Precious Memory ( Completed) Where stories live. Discover now