Our Precious Memory💜4💜

219 12 0
                                    

(Unicode)

"ထယ်ယောင်းရေ...ဒီ Fileတွေကို ရုံးခွဲကို သွားပို့ပေးပါအုံး "

လို့ ပြောရင်း ဟန်ဆယ်ရာ တစ်ယောက်
ထယ်ယောင်းရဲ့ အလုပ်စားပွဲ ပေါ်သို့ Fileတွေ တင်ပေးလိုက်သည်။

"ဒါတွေ အကုန်လား စီနီယာ "

"အွင်း ဟုတ်တယ်လေ ထယ်ယောင်း တကယ်လို့ ထယ်ယောင်း တစ်ယောက်တည်း
မနိုင်ရင် ဒုံဟွန်း ကို ခဏ စောင့် လိုက်လေ
သူ မန်နေဂျာချုပ် ခေါ်လို့ သွားတယ် "

မန်နေဂျာချုပ် ဆီ သွားတာဆိုတော့ ဘယ်လောက် ကြာမယ်မှန်း မသိတာကြောင့်
ထယ်ယောင်းလည်း

"ရတယ် စီနီယာ ကျွန်တော် ခုသွားလိုက်ပါ့မယ်"

File တွေ တပွေ့တပိုက်နဲ့ ထယ်ယောင်းတစ်ယောက် ဓာတ်လှေကားထဲက အထွက်
လူတစ်ယောက်နဲ့ တိုက်မိသွားတာကြောင့်
File တွေဟာ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့။
ထယ်ယောင်း နမော်နမဲ့ နိုင်တဲ့ မိမိကိုယ်ကို
ကျိန်ဆဲရင်း ပြန်ကောက်ရတော့သည်။
တိုက်မိတဲ့ သူကိုလဲ အာရုံ မထားမိ။

"ရရဲ့လားဗျ "  ဆိုတဲ့ အသံတွေနဲ့ အတူ
ထိုလူက File လေးတွေ ကောက်ပေးတာမို့
ယူလိုက်သည်။

" ကျေးဇူးတင်ပါတယ် " လို့ ပြောရင်း
ထိုလူ့ မျက်နှာကို မော့ကြည့်မိတော့

မြင်လိုက်ရတဲ့ မျက်နှာကြောင့် ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်နေတော့သည် ။ ခြေထောက်တွေဟာလည်း ရပ်ဖို့တောင် အားမရှိတော့သလို၊ အကြောင်းအရင်း မရှိ နောက်ကို
နှစ်လှမ်းလောက် ဆုတ်မိသွားသည်။

"ရရဲ့လားဗျ...ကျွန်တော်......."

ထိုလူ့ စကားတွေ မဆုံးခင်မှာပဲ ထယ်ယောင်း
မျက်နှာလွှဲကာ ခပ်သုတ်သုတ် ထွက်လာမိတော့သည်။

Company ရှေ့မှာ ကျောက်ရုပ် တစ်ရုပ်လို
ရပ်နေမိပေမယ့် ရင်ထဲမှာတော့ တဒိန်းဒိန်း။
တွေးမိသည်က

*ဂျွန် ပြန်ရောက်နေတာလား ငါ့ကိုရော မှတ်မိ
နေသေးလား...ဟင့်အင်...ဂျွန့် ကြည့်ရတာ
ငါ့ကို မှတ်မိတဲ့ပုံ မပေါ်ပါဘူး*

ထိုစဥ်မိမိပုခုံးပေါ် ရောက်လာတဲ့လက်ကြောင့်
လန်မိတာတော့ အမှန်ပင်။ ထိုသူက

Our Precious Memory ( Completed) Where stories live. Discover now