Our Precious Memory 💜 2💜

262 12 0
                                    

(Unicode)

မာကျူရီ မီးတွေ လင်းထိန်နေတဲ့ ကားလမ်းမထက်မှာ အနက်ရောင် ကားလေး တစ်စီးဟာ
အရှိန်အသင့်အတင့်နဲ့ပဲ မောင်းနှင်လာခဲ့တယ်။
ထိုကားလေးထဲမှာတော့ ပြုံးရယ်စွာ စီးနင်း
လိုက်ပါသူ နှစ်ဦးက ဟန်ဆူဂျင်း နှင့် သူ၏
သားဖြစ်သူ ဂျွန်ဂျောင်ဂု။ party တစ်ခုမှ သားအမိ နှစ်ယောက် ပြန်လာလေခြင်းပင်။
သူတို့ နှစ်ဦးဟာ တစ်ဖက်မှ ရုတ်တရက် ဝင်လာသော ကုန်ကားကို ရှောင်လွှဲနိူင်ချိန် မရှိခဲ့ချေ။

" ဒိန်း....💢💢💢💢 " အရှိန်လွန်လာတဲ့ကားကြောင့် အသံဟာ တုန်လှုပ်ခြောက်ခြားဖွယ်
မြည်ဟီး သွားလေသည်။

" Omma........."
တိတ်ဆိတ်နေသော အခန်းထဲ၌ ထိုအသံဟာ
ဖြိုခွင်းလိုက်လေသည်။ နဖူးထက်မှာလည်း
ချွေးတို့က စိုရွှဲလို့ ၊ ရင်ဘက်ဆိုသည်မှာလည်း
နိမ့်ချည်မြင့်ချည် နှင့်၊ အသက်ရှူသံ တို့မှာလဲ
မြန်ဆန်လျက်။

" သူဌေးလေး " ဆိုပြီး တံခါးဖွင့်ကာ ပြေးဝင်လာသော ဂန်ဂျောင်းချောလ်

" သူဌေးလေး ရရဲ့လား ...ရေအရင်သောက်လိုက်ပါအုံး "
ဂျောင်းချောလ်က ဂျောင်ဂုလက်ထဲသို့ ရေခွက် ကမ်းပေးလိုက်တော့ ဂျောင်ဂုလည်း
ရေကိုသောက်လိုက်ပြီး

" ဘာမှ မဖြစ်ပါဘူး ဒီအတိုင်း အိပ်မက်မက်တာပါ သွားလို့ရပြီ "
ထို့ကြောင့် ဂျောင်းချောလ် လဲ အပြင်သို့ထွက်လာခဲ့ လေသည်။ သူဌေးလေး ဒီလို အိပ်မက်မျိုး ခဏခဏ မက်တာဟာ နှစ်နဲ့တောင် ရှည်
ကြာခဲ့လေပြီ။

အိပ်မက် သက်သက်တော့ မဟုတ်ခဲ့ချေ။
ထိုနေ့လေးက သူတို့ သားအမိ နှစ်ယောက်ကို
ကံကြမ္မာက ရက်စက်စွာ ခွဲခဲ့တဲ့နေ့။
အဲ့အတိတ်ဟာ တစ်ခါတစ်ခါ ဂျောင်ဂု ရဲ့
အိပ်မက်တွေ အဖြစ် ကြီးစိုးလျက်။
ဂျောင်ဂုလည်း ဆက်အိပ်လို့ မရတာနဲ့ပဲ အိပ်ယာပေါ်က ဆင်းကာ ဘေးနားက စားပွဲပေါ်
အသင့်ရှိနေတဲ့ ဝိုင်ပုလင်းကို ခွက်ထဲသို့ ငှဲ့ကာ
မော့ချလိုက်လေသည်။ အိပ်မက်ဆိုးတွေလဲ
ထိုဝိုင်နီနီ တို့နဲ့အတူ ပါသွားပါစေသား။

ကျွန်တော့် နာမည် ဂျွန်ဂျောင်ဂု ။ကျွန်တော်က
Jeon Group ရဲ့ အမွေဆက်ခံမည့်သူ။
ဂျွန်ဗြောင်ဟွန်း နှင့် ဟန်ဆူဂျင်း တို့ရဲ့ တစ်ဦးတည်းသောသား။ Omma ကတော့ ကျွန်တော် တို့ ဘဝထဲက ထွက်သွားတာ
၆ နှစ်ခွဲ ကျော်ကျော်လောက် ရှိခဲ့လေပြီ။
ကားအက်စီးဒင့် ဖြစ်ပြီး ကျွန်တော် က
ဆေးရုံမှာ ၁ နှစ်ခွဲလောက် သတိမေ့နေခဲ့တာကြောင့် Omma ရဲ့ စျာပန ကိုတောင် မတက်ခဲ့ရဘူး။ ကျွန်တော် ဆေးရုံက ဆင်းပြီးနောက်
ပိုင်း Daddy က ဝမ်းနည်းဖွယ်ကောင်းတဲ့
အတိတ်ကို မေ့ပျောက်အောင် ကျွန်တော့်နဲ့အတူ LA မှာပဲသွား နေခဲ့ကြတယ်။
ကျွန်တော် အလုပ်တွေထဲမှာပဲ ဘယ်လောက်
စိတ်နှစ်ခဲ့ နှစ်ခဲ့ ကျွန်တော့် ဦးနှောက်ထဲမှာ မေ့ပျောက်လို့မရနိူင်ခဲ့ပါ။

Our Precious Memory ( Completed) Where stories live. Discover now