OPM💜12💜🚨🚨🚨

237 14 0
                                    

(Unicode)

🍁🍁🍁Memory  (6)🍁🍁🍁

" ဟင်... ဂျောင်းချောလ် "

" နေကောင်းလား...အစ်ကိုလေး"

ဂျွန်နဲ့ အတူ ဒယ်ဂူမှာနေကတည်းက ဂျောင်းချောလ် မကြာမကြာ  လာလည်တက်သည်။
ထယ်ယောင်းကိုလည်း အစ်ကိုလေး လို့ပဲပြောင်းခေါ်သည်။
ထယ်ယောင်းက ဒီအတိုင်း ထယ်ယောင်း လိုပဲခေါ်ပါဆိုတော့ သူဌေးလေးရဲ့ အမျိုးသားမို့ အစ်ကိုလေးလို့ပဲ ခေါ်ပါရစေတဲ့။

" လာ ထိုင်အုံးလေ...ကော်ဖီသောက်သွားအုံး"

ဂျောင်းချောလ် က ထယ်ယောင်း အလုပ်လုပ်နေတဲ့ ကော်ဖီဆိုင် သို့ ရောက်လာချင်းပင်။

" ဂျွန့်ဆီ လာတာပဲလား"

" ဟုတ်...သူဌေးလေး ခိုင်းထားတာ ရှိလို့...
နောက်ပြီး...."

"ဟင်...ဘာပြောစရာရှိလို့လဲ ပြောလေ"

" ကျွန်တော် အစ်ကိုလေးကို ဝန်ခံစရာ ရှိလို့"

" ဝန်ခံစရာ....ဘာကို ဝန်ခံမှာလဲ"

" အစ်ကိုလေးတို့ ရည်းစားဖြစ်တာ ဥက္ကဌကြီး ကို ကျွန်တော် ပြောပြခဲ့တာပါ...."

လို့ပြောပြီး  ခေါင်းငုံ့သွားနဲ့ ဂျောင်းချောလ်

" သြော်...ဘာများလဲလို့ ဂျောင်းချောလ် ရယ်... ဂျောင်းချောလ် မပြောလဲ တစ်နေ့ သိရမှာပဲလေ...."

" အစ်ကိုလေး ကျွန်တော့်ကို စိတ်မဆိုး ဘူးလား"

" မဆိုးပါဘူး....ကဲပါ ပီးခဲ့တာတွေ ပီးခဲ့ပါပြီ.... ဂျွန့်ဆီသွားမို့ဆို...."

" ဟုတ် ကျွန်တော် phဆက်ထားပါတယ်"

************************************

ဂျွန် ညနေကတည်းက ဆိုင်ကို လာမကြိုတာကြောင့် ထယ်ယောင်းစိတ်ပူမိ။
Ph ဆက်တော့လည်း မကိုင်။
ခုလည်း ညဥ့်နက်နေပြီလေ။
ညစာတွေပြင်ဆင်ပြီးသော်လည်း ဂျွန့်ကို စောင့်နေဆဲ။

ထိုအချိန် ဒယီးဒယိုင်နဲ့ ဝင်လာတဲ့ ဂျွန်။
မူးလာတယ်လို့ ပြောစရာမလိုအောင် အနံ့က နှာခေါင်းဝ၌ စူးခနဲ။
ထယ်ယောင်းလည်း ဂျွန့်ကို ပြေးတွဲရသည်။
သောက်လေ့သောက်ထ သိပ်မရှိတဲ့ ဂျွန်က ဒီနေ့ကျမှ ဘာလို့ မူးအောင်သောက်ရပါလိမ့်။

Our Precious Memory ( Completed) Where stories live. Discover now