Our Precious Memory 💜11💜

200 10 0
                                    

(Unicode)

🍁🍁🍁Memory (5)🍁🍁🍁

ဂျောင်ဂုနဲ့ ထယ်ယောင်း ဒယ်ဂူမှာနေတာ တစ်လကျော်လောက်တော့ ရှိလေပြီ။
ဂျောင်ဂုက အသေးစားချေးငွေလုပ်ငန်း တစ်ခုမှာ ဝင်လုပ်နေသည်။
ထယ်ယောင်းကတော့ Coffee Shop လေး တစ်ခုမှာ အလုပ်ရသည်လေ။
နှစ်ယောက်ရဲ့ ဝင်ငွေက အဆင်ပြေပြေ စားသောက်ဖို့တော့ လုံလောက်သည်။
အိမ်လခကတော့ အစ်ကိုဟိုဆော့ အိမ်မို့ ပူစရာ မလိုဘူးလေ။

"ဂျွန်.... ထတော့လေ အလုပ်သွားရအုံးမယ့်ဟာကို"

နှစ်ယောက်သား အခေါ်အဝါ်တွေ ပါပြောင်းသွားကြလေပြီ။
တစ်ယောက်က တ *ယောင်း* တည်း *ယောင်း*၊
တစ်ယောက်က တ *ဂျွန်* တည်း *ဂျွန်* နဲ့ပေါ့။

ထယ်ယောင်း ရေချိုးပြီး ပြန်ထွက်လာသော်လည်း ဂျွန်က မနိုးသေး။

" ဂျွန်....ထပါတော့ ဆိုနေ"

အသံကြားရုံနဲ့ ထယ်ယောင်း စိတ်မရှည်တော့ဘူးဆိုတာ အသိအသာ။

ထိုအခါမှ မျက်လုံးမဖွင့်သေးဘဲ ထထိုင်တဲ့ ဂျွန်ဂျောင်ဂုရယ်ပါ။
ထိုအခါ ထယ်ယောင်းက ဂျွန်ရဲ့ ပါးတွေကို ဖြစ်လိုက်တော့ စူထွက်နေတဲ့ နှုတ်ခမ်းကို အနမ်းလေးခြွေချလိုက်တော့မှ ဂျောင်ဂု မျက်လုံးကျယ်လာသည်။

ထယ်ယောင်း က ထသွားပေမယ့် ဂျွန်က နှုတ်ခမ်းကြီးကို စူထားဆဲ။
ထယ်ယောင်း မမြင်ချင်ယောင် ဆောင်လိုက်သည်။

" ရေချိုးပြီးမှ ထပ်ပေးမယ်"

လို့ ထယ်ယောင်း ပြောတော့ ရေချိုးခန်းထဲ ဒုန်းစိုင်း ပြေးဝင်သွားတဲ့ ဂျွန်။
လူလည်လေး ထယ်ယောင်းလဲ ဂျွန် ရေချိုးနေတုန်း ထမင်းစားခန်းထဲသို့ အသာလေး ထွက်လာခဲ့သည်။

" ကိုယ့်ကို လူလည်ကျသွားတယ်ပေါ့လေ.....ရွှတ်"

မနက်စာပြင်နေတဲ့ ထယ်ယောင်းကို နောက်ကနေ ခါးလေးကို သိုင်းဖက်ကာ ပုခုံးပေါ်မေးတင်ရင်း ပါးလေးကို နမ်းလိုက်သည်။

" ဟီး....ဟီး....မဟုတ်ပါဘူး ဂျွန်ကလဲ"

ဂျွန့်ရဲ့ မျက်လုံးထဲမှာတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ချစ်စရာအကောင်းဆုံး လူသားလေးရယ်ပါ။ ပြုံးလိုက်တဲ့ အခါတိုင်းလဲ boxy smile လေးက လှတာ၊ ချောတာ ထက်ကို ပိုလိုနေ။

Our Precious Memory ( Completed) Where stories live. Discover now