Our Precious Memory 💜8💜

218 10 0
                                    

🍁🍁🍁Memory (2) 🍁🍁🍁

ကျွန်တော် ဂျီမင် အကူအညီတောင်းလို့ ဒီအလုပ်ကို လက်ခံခဲ့တယ်။ အစစအရာရာ အဆင်ပြေပါတယ် ။ အဲ့အိမ်မှာပဲ နေ၊ အဲ့အိမ်မှာပဲ စားရတယ် ။ လစာကလည်း လိုတာထက် ပိုရတယ်လေ ။
တစ်ခုလေးပဲ အဆင်မပြေတာ။
အဲ့ဒါက.....

" ဂျောင်းချောလ်.....
ဂျောင်းချောလ် ကိုခေါ်လိုက်"

" ဂျောင်းချောလ် မရှိပါဘူး... ၊
အဲ့ကြောင့် ကျွန်တော် ချိုးပေးမှာပါဆို"

" ဘာလို့ မင်းချိုးပေးမှာလဲ...
ဂျောင်းချောလ် ကိုသာ ခေါ်လိုက်စမ်းပါ"

"ဂျောင်ဂုကို ပြုစုပေးဖို့က ကျွန်တော့်အလုပ်မို့လေ..."

ကျွန်တော် အဆင်မပြေတာက အဲ့တာပါပဲ ၊ သူ့ကို ပြုစုပေးဖို့ က ကျွန်တော့် အလုပ်လေ။ ခုလည်း ရေချိုးပေးမို့လေ။ သူကိုယ်တိုင် ရေချိုးလို့မရဘူးလေ။ ခြေထောက်က ခွဲစိတ်ထားတာကြောင့် အခုထိ လမ်းလျှောက်လို့ မရသေးဘူး။
ဒါကို သူက သူစိမ်းချိုးပေးတာ မကြိုက်ဘူးတဲ့လေ။

နှစ်ယောက်သား ဆူဆူညံညံ ဖြစ်နေတဲ့အချိန်။

"ဘာဖြစ်တာလဲ "

ဥက္ကဋ္ဌ ကြီး ဂျွန်ဗြောင်ဟွန်း ဝင်လာသည်ပင်။

" ဟို... ကျွန်တော် ရေချိုးပေးတာကို မကြိုက်ဘူးဆိုလို့...."

ထယ်ယောင်း ထိုသို့ပြောလိုက်တော့

" Daddy ဂျောင်းချောလ် ကိုသာ ခေါ်ပေးစမ်းပါ"

" ဂျောင်းချောလ် မရှိဘူး...
Daddy အလုပ်ခိုင်းလို့ အပြင်သွားတယ် ၊ ထယ်ယောင်းက မင်း လိုအပ်တာတွေကို လုပ်ပေးမယ့်သူ ၊ ဒါ့ကြောင့် မင်းခေါင်းမာမနေနဲ့"

" Daddy...."

သူ့စကားတောင် မဆုံးသေး ဥက္ကဋ္ဌကြီးက ထွက်သွားလေပြီ။

ထယ်ယောင်း ဂျောင်ဂုကို ဝှီးချဲ ပေါ် မနည်းတွဲတင်ပေးရသည်။ ရေချိုးခန်းထဲထိ ပွေ့ချီ ခေါ်သွားရလောက်အောင်လည်း ထယ်ယောင်းက ဂျောင်ဂုထက် လူကောင်သေးသည်လေ။ မတော်လို့ ထပ်ထိခိုက်မိရင် အလုပ်ပြုတ်ကိန်းလေ။

ရေချိုးပြီးပေမယ့် ပြဿနာ ကထပ်ရှိနေသေးတယ်။

"​ ဂျောင်ဂု ဘောင်းဘီ မချွတ်ဘဲနဲ့ ကျွန်တော် ဘယ်လို အဝတ်လဲပေးရမှာလဲ"

Our Precious Memory ( Completed) Where stories live. Discover now