Our Precious Memory 💜14💜

203 10 0
                                    

(Unicode)

🍁🍁🍁Memory (8)🍁🍁🍁

ဂျွန့် အတွက် ကျွန်တော် က ဘာမို့လို့လဲ...
ဂျွန့်အတွက် စိတ်ဒုက္ခတွေ ပဲ ပေးခဲ့တဲ့ ကျွန်တော့်ကို  အဲ့လောက်တောင် ချစ်သလား ဂျွန်ရယ်.....
ကျွန်တော်က ဂျွန့်ရဲ့ အချစ်နဲ့ရော ထိုက်တန်ရဲ့လား....

ဘေစင်၌ ပေါင်းအိုးထဲ လက်နှိုက်ကာ ဆန်ဆေးရင်း အတွေးတွေ လွင့်နေပါသော ထယ်ယောင်း.....
ကြည့်ရတာ စိတ်နဲ့ လူနဲ့ လည်း မကပ်သလို...

" ယောင်း..."

ဂျွန်က ပုခုံးလေးကိုင်လှုပ်ကာ ခေါ်လိုက်မှ ကြားသည်.....

" ဂျွန်"

ဆိုပြီး ကျွန်တော့်ကို ပြန်ကြည့်လာတဲ့ ယောင်းရဲ့ မျက်ဝန်းတွေမှာ မျက်ရည်လေးတွေ တစ်စွန်းတစ်စ ပါလာကတည်းက ယောင်း ဘာတွေတွေးနေတယ်ဆိုတာ ကိုယ်သိပါတယ် ယောင်းရယ်   .......

" ဘာတွေ တွေးနေပြန်တာလဲ ယောင်း ရယ်...."

" ဂျွန်...ဟင့်...အီး....အီး..."

ယောင်း က ဂျွန့်ရဲ့ ရင်ခွင်ထဲကို ငုံ့ဝင်ကာ ငိုချလာသည်....

" မငိုပါနဲ့ ယောင်းရယ်...ဒီမှာ ကိုယ့်ကို ကြည့်..."

ဆိုတော့ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ ကျွန်တော့်ရင်ခွင်ထဲကနေ မော့ကြည့်လာတဲ့ ယောင်း ရဲ့ မျက်နှာနုနုလေးကို ကျွန်တော် မြတ်နိုးပါဘိ...

" ယောင်း ရယ် ပြီးခဲ့တာတွေကို အတိတ်မှာပဲ ကိုယ်တို့ ထားခဲ့ရအောင်လေ နော်..."

" တောင်းပန်ပါတယ် ဂျွန်...ကျွန်တော့် အဖေ့ကြောင့် ဂျွန့် အမေ သေခဲ့ရတာ... ဒါပေမယ့်.... "

" ကိုယ် သိပါတယ်...ယောင်းအဖေရဲ့ ရောဂါကြောင့် မတော်တဆ ဖြစ်တာ... "

" တောင်းပန်ပါတယ်..."

" ကဲ မငိုပါနဲ့တော့်ကွာ.... ယောင်း အဲ့လို ငိုနေရင် ယောင်းဗိုက်ထဲက ကိုယ့်ကလေးလေးက နှာခေါင်းနီနီလေးနဲ့ ဂျိုကာလေး ထွက်လာလိမ့်မယ်...."

ဂျွန့် အပြောကြောင့် ယောင်းရဲ့ နှုတ်ခမ်းပါးလေးဟာ ပြုံးယောင်လေးသန်းလာခဲ့သည်။

" ဒီလိုမှာပေါ့ ယောင်းက အပြုံးလေးနဲ့ပဲ လိုက်တယ်"

ယောင်းရဲ့ နားထင်မွှေးလေးတွေကို နားရွက်လေးနောက် သပ်တင်ပေးကာ ပါးလေးကို ဖွဖွလေး နမ်းရှိုက်လိုက်ပါသော... ဂျွန်....
အမှန်တကယ် သူ ယောင်းကို ပျော်ရွှင်စေချင်သည်လေ.... ဟင့်အင် သေချာပေါက် ပျော်ရွှင်အောင် ထားပေးအုံးမှာ....

Our Precious Memory ( Completed) Where stories live. Discover now