Our Precious Memory 💜7💜

204 11 0
                                    

🍁🍁🍁🍁Memory ( 1)🍁🍁🍁🍁

လွန်ခဲ့သော ၆နှစ်ကျော်ခန့်က

ခုတင် ထက်မှာ လဲလျောင်းနေတဲ့ ဂျောင်ဂုကို ဝမ်းနည်းစွာ
ကြည့်နေမိတဲ့ ဂျောင်းချောလ် ။
ဂျောင်ဂု နိုးလာတဲ့အခါ ဥက္ကဋ္ဌကတော် မရှိတော့ဘူး ဆိုတဲ့အကြောင်းကို သိသွားရင် ဘယ်လောက် စိတ်ထိခိုက်လိမ့်မလဲ။ အဖေ့ထက် အမေကို ပိုချစ် ပိုချွဲ ခဲ့တဲ့ သူဌေးလေး ဟာ ဒါကိုရော လက်ခံနိုင်ပါ့မလား။
ကားအက်စီးဒင့် ဖြစ်ပြီကတည်းက ဂျောင်ဂု သတိမရသေးတာ ၁၀ ရက် တောင် ရှိလေပြီ။ ခြေထောက်လည်း အတော်လေး ထိခိုက်သွားတာမို့ ခွဲစိတ်ထားတာကြောင့် ပို၍ စိတ်ပူမိသည်။

"Omma....omma...."

ဂျောင်ဂု ရဲ့ ခပ်တိုးတိုးအသံကြောင့် ဂျောင်းချောလ် လဲ ဆရာဝန်ကို သာပြေးခေါ်တော့သည်။

ဂျောင်ဂုရဲ့ ပါးပြင်ထက်၌ မျက်ရည်မြစ်လေးဟာ တသွင်သွင် စီးဆင်းနေလေသည်။
Omma မရှိတော့ တာကို သူသိပြီး ကတည်းက သူ့မှာယူကျုံးမရ။
Omma ရဲ့ ဈာပန မှာ သူမရှိလိုက် တာကိုက ပို၍ စိတ်ထိခိုက်မိ။
ခုတင်ပေါ်ကနေလည်း ကိုယ့်စိတ်ကြိုက် ဆင်းလို့ပြုလို့ မရ။
ခြေထောက်က သွားလို့မရသေး တော့ ဝှီးချဲ အကူအညီ ယူရသည်လေ။ ပြတင်းပေါက်ကနေ အပြင်ဘက် ကို တွေတွေလေး ပူဆွေးစွာ ငေးနေမိတဲ့ ဂျောင်ဂု။

" ဂျောင်ဂု "

အသံကြားလို့ လှည့်ကြည့်လိုက်တော့ အစ်ကိုဟိုဆော့။
လက်ခုံလေးနဲ့ ပါးထက်က မျက်ရည်တို့ကို ဆွဲပွတ်ကာ ဖယ်ရှားလိုက်သည်။

" ဟင် အစ်ကို ဟိုဆော့ "

ဆေးရုံက ဟိုဆော့ရဲ့ အဖေ ပိုင်တာ။ ဟိုဆော့ ကလည်း ဒီဆေးရုံက ဆရာဝန်ပဲဆိုတော့ ဂျောင်ဂု ကို မကြာမကြာ တော့ လာကြည့်ဖြစ်သည်။

"ဘယ်လိုနေလဲ ဂျောင်ဂု ၊ ပျင်းနေပြီလား"

ဂျောင်ဂု ဝမ်းနည်းနေတာကို သိပေမယ့်လည်း ဟိုဆော့ တမင်နောက်လိုက်ခြင်းပင်။
ဂျောင်ဂု ကတော့ ခပ်ဟဟလေး ပြုံးပြပြီး

" ဟုတ်တယ် ပျင်းနေတာ ...
ဘာလဲ အစ်ကိုက က ပြမို့လား"

"က ပြစရာလား....
ကဲပါ မင်းနေ့လည်စာ မစားရသေးဘူးမို့လား ၊ မင်လေး က စွပ်ပြုတ် ထည့်ပေးလိုက်တယ် ပူတုန်းလေး သောက်လိုက်လေ "

Our Precious Memory ( Completed) Where stories live. Discover now