Our Precious Memory 💜Final💜

361 13 2
                                    


(Unicode)

မှန်ရှေ့၌ အဖြူရောင် သတို့သား ဝတ်စုံလေးနဲ့ ပနံ သင့်စွာ ရပ်ပြီး ပုံကျအောင် ပြင်ဆင်နေပါသော ထယ်ယောင်း ။ မိတ်ကပ်ပါးပါးလေးခြယ်သ ထားပေမယ့် မျက်ခုံးတွေ မျက်တောင်တွေဆိုသည်မှာ ထပ်ပြီး ကော့ညွတ် အရောင်တင်စရာမလို ။ သဘာဝ အတိုင်းရှိပြီးသားမို့ အထူးတလည် ခြယ်သစရာ မလို။ နှုတ်ခမ်းနီကိုလည်း အရောင်မပါတာ ဆိုးထားပေမယ့် သဘာဝ နှုတ်ခမ်းအရောင်လေးကြောင့် စိုရဲရဲ ။ မိမိဆံပင်လေးကို အနည်းငယ် ပုံကျအောင် လက်ကလေးနဲ့ ဖွဖွလေး ပြန်ပြင်လိုက်သည် ။ ပြင်ပေးတဲ့ သူကတော့ ထွက်သွားပြီ ဖြစ်၍ မိမိ တစ်ယောက်တည်း အခန်းထဲ ၌ ကျန်နေခဲ့သည်လေ ။

အော် ဟုတ်သားပဲ ဒီနေ့က ဂျွန် နဲ့ ယောင်းတို့ရဲ့ မဂ်လာဆောင် လေ ။ ဂျွန် နဲ့ ယောင်း က မဂ်လာလည်း မဆောင်ရသေးသလို ၊ တရားဝင်လက်ထပ်ထားခြင်း မရှိခဲ့ဘူးလေ ။ အဲ့ဒါတွေက တစ်ချိန်က အကြောင်းကြောင်းတွေကြောင့်ဆိုတော့ အစမဖော်တော့ချင် ။

ဂျွန်က ယောင်းကို လက်ထပ်ခွင့် တောင်းခဲ့တယ် လေ ။ ယောင်းကတော့ ဒီအတိုင်း အသိမိတ်ဆွေ နဲနဲလေးနဲ့ လက်မှတ်ထိုးပြီး ပွဲသေးသေးလေး လုပ်ချင်ပေမယ့် တခမ်းတနား လုပ်ချင်ပါတယ် ဆိုတဲ့ ဂျွန့်ကြောင့် ယောင်းကပဲ အလျှော့ ပေးရပြန် ။

" ဟူး...." ခနဲ သက်ပြင်းချကာ ရင်တုန်မှုတွေကို မှုတ်ထုတ်လိုက်သည့် ထယ်ယောင်း ။

ရင်တုန်တာပေါ့ မဂ်လာဆောင်ကို ဒီလို ကြီးကြီး ကျယ်ကျယ် ဆောင်ရလိမ့်မယ်လို့ လုံးဝ မတွေးမိ ။ အေးစက်နေတဲ့ မိမိလက်တွေကို ပြန်လည် ဆုပ်ကိုင်ရင်း သာ ။

" လှလိုက်တာ ယောင်း ရယ်.... "

ဂျွန့် အသံကြောင့် လှည့်ကြည့်လိုက်တော့ အနက်ရောင် သတို့သားဝတ်စုံလေးနဲ့ အရမ်းကိုကြည့်ကောင်းနေသည့် ဂျွန် ။ ဆံပင်ကိုလည်း အကျအန ဘေးခွဲပြီး လှန်တင်ထားတာကြောင့် ရင့်ကျက်တည်ကြည်တဲ့ ယောက်ျားသား တစ်ယောက် အဖြစ် ။

" ဂျွန်....မဂ်လာချိန် နီးနေပြီ မလား "

" အွင်း " ဆိုရင်း ဂျွန့်ခြေလှမ်းတို့ဟာ ယောင်းဆီသို့ ဦးတည်လျက်။

Our Precious Memory ( Completed) Where stories live. Discover now