Our Precious Memory 💜15💜

200 10 0
                                    

(Unicode)

ထယ်ယောင်း ညစာပြင်ပြီးပီဖြစ်၍ ထယ်ဆူလေးကို လှမ်းခေါ်လိုက်သည်။

" ထယ်ထယ် ရေ...ထမင်းစားရအောင်"

သို့သော် ထယ်ဆူ့ဆီက ဘာသံမျှထွက်ပေါ်မလာ။ သုံး လေး ခါ ခေါ်လည်း မထူးသော ထယ်ဆူလေးကြောင့် ထယ်ယောင်းပဲ ကိုယ်တိုင်သွားခေါ်ရတော့သည်။

အခန်းထဲ ဗီရိုရှေ့၌ ကျောပေးကာ ငုတ်တုပ်ထိုင်နေသော ထယ်ထယ့်ကို မြင်တော့

" သား ထယ်ထယ်...ထမင်းစားရအောင်လေ"

ငြိမ်နေသော ထယ်ဆူ့နား တိုးသွားသော ထယ်ယောင်းမှာ ထယ်ဆူ့လက်ထဲက ဓာတ်ပုံလေးကို တွေတော့ တအံတသြ။ ဒီပုံက ဘယ်ကနေ ဘယ်လို...

" အဲ့ဒါ ဘယ်က တွေ့လာတာလဲ ထယ်ထယ်... ပေး papaကိုပေး"

ဘာမှ မတုန့်ပြန်ဘဲ ဓာတ်ပုံပဲ ငုံ့ကြည့်နေတဲ့ ထယ်ဆူ့လက်ထဲက ပုံလေးကို ထယ်ယောင်း ဆွဲယူလိုက်တော့

" ဦးဦး ဂျွန်က ဘာလို့ papa နဲ့ တူတူရှိနေတာလဲ"

သူပြောချင်တာ အဲ့အချိန်တုန်းက သူက papa ဗိုက်ထဲမှာလေ ။ ဒါပေမယ့် ဦးဦး ဂျွန်ကို သိတာမကြာသေးဘူး။

" အဲ့ဒါက... ဦးဦး ဂျွန် မဟုတ်ပါဘူး ...ဦးဦး ဂျွန်နဲ့ မျက်နှာတူနေတာပါ... "

" ဟင့်အင် papa လိမ်တယ် ...အဲ့ဒါ ဦးဦး ဂျွန်"

" မဟုတ်ပါဘူး သားရယ်... "

" ဟင့်အင် အဲ့ဒါ ဦးဦး ဂျွန်..."

" papa မဟုတ်ဘူးလို့ ပြောနေတယ်လေ"

ဦးဦးဂျွန် ဆိုပြီး ပါးစပ်က မချသော ထယ်ဆူ့ကို ထယ်ယောင်း ဒေါသထွက်ထွက်နဲ့ ပိတ်အော်လိုက်သည်။ သေသေချာချာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ခုမှ ဘူးပေါ်သလို ပေါ်လာတော့ ထယ်ယောင်းလဲ ဘာဆက်ပြောရမယ်တောင်မသိ။ ထိုအချိန်

" ဦးဦးဂျွန်က သားရဲ့ daddy လား" တဲ့

အရည်လဲ့လဲ့ မျက်ဝန်းလေးတွေနဲ့ မျှော်လင့်တကြီး မေးလာသော ထယ်ဆူလေး...

သားက အဲ့လိုမေးလာတော့ ကျွန်တော့်မှာ ဘာဖြေရမှာလဲ ။ ကိုယ်တိုင်လဲ ဦးနှောက်က အလုပ်မလုပ်တော့သလို ။ ဘာမှ လည်း တွေးလို့မရတော့ ။ ခေါင်းတွေ ထူပူပြီး ရင်ဘက်တွေ တင်းကြပ်နေတာပဲ သိတယ်။

Our Precious Memory ( Completed) Where stories live. Discover now