Our Precious Memory 💜16💜

229 12 0
                                    


(Unicode)

ကားပေါ်ကနေ ဆင်းလာသည်နှင့်တပြိုင်နက် ခြေလှမ်းတို့ဟာ မပြေးရုံတမယ် အလောတကြီး လျှောက်လှမ်းလာသည့် ထယ်ယောင်း ။ စိတ်နဲ့လူနဲ့လည်း မကပ်သယောင် တစ်စုံတစ်ခုကို စိုးရမ်တကြီးဖြစ်နေပုံက မျက်လွှာနုနုမှာ အထင်းသား။

* ကျေးဇူးပြု၍ ဂျွန် ဘာမှ မဖြစ်ပါစေနဲ့...*

ဂျွန် ဆေးရုံတင်ထားရတယ် ဆိုတဲ့ အကြောင်း ဂျီမင့်ဆီက ကြားကြားချင်း ဆိုးလ်ကို ပြန်လာခဲ့သည်။ ဂျွန်က ခုတလော ခေါင်းကိုက်တာ အရမ်းပြင်းထန်နေတယ်တဲ့ ။ မနေ့ကတည်းက ခေါင်းတွေ ထိုးကိုက်ပြီး သတိမေ့သွားတဲ့ ဂျွန်ဟာ ခုထိ သတိပြန်မရသေး ။
စိတ်ပူတာပေါ့ ဂျွန် ဒီလိုဖြစ်တာသိတော့ အရမ်းစိတ်ပူတယ် ။ ထွက်သွားမယ် ဆိုပြီး ဂျွန်အနားကို ပြန်ပြန်ရောက်လာတဲ့ ကိုယ့်ကိုယ်ကိုလည်း ဘာတွေဖြစ်နေမှန်းကို မသိတော့ဘူး ။ တကယ်ပဲ ဂျွန့်အနားက ထွက်သွားချင်ခဲ့တာလား ၊ ဒါမှမဟုတ် မထွက်သွားနိုင်တာလား.....

အစ်ကို ဟိုဆော့ ပြောလိုက်တဲ့ အတိုင်းဆို ရှေ့က အခန်းဆို ရောက်ပြီလေ ။ သို့သော် အဲ့အခန်းထဲကနေ ထွက်လာတဲ့ ဂျွန့်အဖေကြောင့် ခြေလှမ်းတို့ဟာ ရှေ့ဆက်တိုးဖို့ တုန့်ဆိုင်းနေခဲ့...

နောက်ပြန်လှည့်လိုက်ပြီး ရှောင်ထွက်မယ် လုပ်တော့

" ထယ်ယောင်း... "

ဂျွန့်အဖေရဲ့ အသံ ။ ကြောက်တယ် ဂျွန့်အဖေနဲ့ ပြန်တွေ့ရမှာ အကြောက်ဆုံးပဲ ။
ခြေလှမ်းတွေဟာ ဂျွန့်အဖေခေါ်နေလည်း ဂရု မစိုက် ။ ရှောင်ထွက်ခဲ့တာလေ ၊ မျက်နှာချင်းမဆိုင်ချင်ဘူး ၊ သူဆက်ပြောမယ့် စကားလုံးတွေထဲမှာ ကျွန်တော့်ကို ဂျွန့်နဲ့ အဝေးဆုံးကို ထွက်သွားဖို့ပဲ ပြောအုံးမှာပဲ မလား...

" ထယ်ယောင်း ...ဦး ပြောတာ နားထောင်ပါအုံး"

" ဦး တောင်းပန်ပါတယ်..." တဲ့

ထယ်ယောင်း ဂျွန့်အဖေဆီက အဲ့စကားကြားကြားချင်း ကိုယ့်နားကိုတောင် မယုံချင်။

" ဦး လုပ်ခဲ့တဲ့ အမှားအတွက် ဦးလည်း တစ်ရက်မှ စိတ်မအေးခဲ့ပါဘူး... ဦးဆီကနေ ဂျောင်ဂု ကို မင်းခေါ်ထုတ်မှာ ကြောက်နေခဲ့တာ...ဦး မှားမှန်းသိရက်နဲ့ ရှေ့ဆက်ပြီး အတ္တ ဆန်ခဲ့တာတွေက ဦးအတွက် ကောင်းကျိုးတွေလည်း မရခဲ့သလို ဘယ်သူမှလည်း မပျော်ရွှင်ခဲ့ကြပါဘူး...  ဒါ့ကြောင့် ဦး မင်းနဲ့မင်းရဲ့ ကလေး အပေါ်မှာ မလုပ်သင့်တာတွေ လုပ်မိခဲ့တဲ့ အတွက်လည်း ဦးနောင်တ ရနေခဲ့ပါပြီ...  ကိုယ် တစ်ချိန်က အဆင့်နိမ့်တယ်ဆိုပြီး မနှစ်မြို့ခဲ့တဲ့ ကိုယ့်မြေးအရင်းကို တွေ့လိုက်ရတဲ့ အချိန်မှာ ဦးအရမ်းမှားမှန်းသိခဲ့ရတယ်.... ဒါတွေက ဦး မင်းကို တောင်းပန်တာပါ....ဦးရဲ့ အမှားတွေကို မင်းခွင့်မလွှတ်လည်း ရပါတယ်... ဦးက အဲ့အပြစ်တွေနဲ့ပဲ ရှေ့ဆက်ရမှာမို့....."

Our Precious Memory ( Completed) Where stories live. Discover now