အပိုင်း (5) Uni/Zawgyi

6.6K 356 34
                                    

ဘုရင့် သည်းဦးပန်
အပိုင်း(5)

"ဟယ်လို!"
တစ်ဖက်က ပြောသည့် ခပ်ရှရှအသံ
သည်း အောက်နှုတ်ခမ်းသားလေးကို ကိုက်ကာ
"ဟယ်လို...ကိုကို လား!"

×××

လိုင်းယ(န်) ဖုန်းထဲကတစ်ဆင့် 'ကိုကို´ ခေါ်လိုက်သည့်အခေါ်အဝေါ်ကြောင့်
မျက်မှောင်ကုတ်သွားကာ နားမှာကပ်ထားသော ဖုန်းကို ခွာ၍ပြန်ကြည့်မိပြန်တော့ မှတ်မထားသည့် ဖုန်းနံပါတ်အစိမ်း.....

ဖုန်းမှားနေတာလား အာရုံနောက်တယ်
လိုင်းယ(န်) ဖုန်းချဖို့ Call endကိုနှိပ်ဖို့အပြင်မှာ

×××××

"ကိုကို သည်းပါ !"

×××

"သည်း?"
လိုင်းယ(န်) စဉ်းစားက ဟိုကောင်မလေး?

×××

"ဟိုလေ ကိုကို သည်းဆီခဏလောက်လာခဲ့ပါ့လား ဟင်?"

"ဘာလို့လာရမှာလဲ..."

"လာခဲ့မှာမလား? "

"မလာပါဘူး မင်းခေါ်တိုင်းလာရမှာလား"

"သြော် ဟုတ် အခုလာခဲ့လိုက်နော် သည်းက BEST ကြွေထည်ပစ္စည်းအရောင်းပြခန်းမှာ "

××××

"ဟယ်လို....ဟိတ်....ဟာ!"

အူတူတူနဲ့ သူပြောချင်ရာပြောပြီးဖုန်းချသွားသည်။

ငါမလာဘူးလို့ ပြောနေရဲ့နဲ့။

လိုင်းယ(န်) ဖုန်းကို အလုပ်စားပွဲပေါ်သို့ပစ်တင်လိုက်ကာ ထိုင်နေသော ဆုံလည်ကုလားထိုင်မှထ၍ ရိုင်ယန်လိုင်းယ(န်) လုပ်ငန်းစု ပိုင်ဆိုင်တဲ့ အဆောက်အဦးကြီး၏ ၁၅ထပ်မြောက် မှန်ပြတင်းတွေကနေ အပြင်သို့ငေးကြည့်ရင်း
ဟိုကောင်မလေးကြောင့် စိတ်မဖြောင့်တာကတော့အမှန်ပင်။

"ကျစ်....မဖြစ်သေးပါဘူးကွာ!"

ဘေးမှာချိတ်ထားတဲ့ ကုတ်အင်္ကျီကိုဆွဲယူကာ ထိုမှန်ပြတင်းကနေပြေးထွက်လိုက်သည်က
BESTအဆောင်အဦးကြီး၏ရှေ့တည့်တည့်သို့ရောက်လာသည်။လိုင်းယ(န်) သက်ပြင်းချရင်း

"အား....ငါဘာလို့ လာခဲ့ပြန်တာလဲ !"

သို့သော် မှန်တံခါးတွေကနေတစ်ဆင့် မြင်လိုက်ရသည့် ငိုမဲ့မဲ့သည်းမျက်နှာလေးနှင့် ဝန်ထမ်းတွေအလည်ကနေကုတ်ကုတ်လေးရပ်နေသည့်သူမကြောင့် လိုင်းယ(န်)မျက်နှာချက်ချင်းတည်သွားပြီး ဘာကိုမှတွေဝေ ဝေဝါးခြင်းမရှိဘဲ မှန်တံခါးကြီးကို ဆွဲဖွင့်ဝင်လာခဲ့လျှင်

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now