အပိုင်း (13) Uni/Zawgyi

5.8K 267 30
                                    

ဘုရင့်သည်းဦးပန်
အပိုင်း(13)

"တောင်းပန်ပါတယ် ကိုကို"

သူ့အင်္ကျီစလေးကိုဆွဲကာ ပြောလိုက်သည့် သည်းအသံ အက်အက်လေးက လိုင်းယ(န်)အား လုံးဝတင်းမထားစေနိုင်။

ချက်ချင်းလှည့်ပြီး သူမကို လွတ်ထွက်သွားမည်စိုးသည့်အတိုင်း တင်းကြပ်စွာဖက်ထားလိုက်သည်။

"တောင်းပန်ပါတယ် ကိုကို့ကို စိတ်ဆိုးအောင်လုပ်မိလို့ ကိုကို့ကိုထိခိုက်စေမိလို့ ပုခုံးကအရမ်းနာနေလား "

မလုံတလုံ ထီးတစ်ချောင်းအောက်မှာ တစ်ယောက်နဲ့တစ်ယောက်တင်းကြပ်စွာ ဖက်ထားမိရင်း လိုင်းယ(န်)ဘက်က တိတ်ဆိတ်နေသဖြင့်

"ကိုကို သည်းပြောတာကြားရဲ့လား သည်းအရမ်းကြပ်တယ် လွှတ်ပေးပါဦး!"

လိုင်းယ(န်)က လွှတ်ပေးလိုက်ပြီးနောက်
ကြည့်လာသောအကြည့် ရီဝေဝေများ အပြာရောက်တောက်တောက်မျက်လုံးတွေက အမှောင်ထဲမှာ သိပ်လှတာ။

သူမက လိုင်းယ(န်)ကိုသာ ထီးလုံအောင်စောင်းပေးထားသဖြင့် ကျောတွေပုခုံးတွေ စိုရွှဲနေသည်အား လိုင်းယ(န်)တွေ့လျှင်တွေ့ချင်း

"မင်းကျောတွေစိုနေပြီ နေမကောင်းဖြစ်လိမ့်မယ် သွားရအောင်"

"ဟင်....သည်း ဆိုင်ကယ်!"

"ကိုယ် တခြားတစ်ယောက်ကို လာယူခိုင်းလိုက်မယ် "

ထီးကို သူမလက်ထဲကနေလိုင်းယ(န်)ပြောင်းယူလိုက်၍ သူမကိုလုံအောင်ပိုစောင်းပေးကာ ခပ်ဝေးဝေးမှာရပ်ထားသော ကားဆီသို့.....

ထိုမြင်ကွင်းကို အစအဆုံးစောင့်ကြည့်နေသည့် စကားလက်သည်

"ဟက်....ဒီလိုဖြစ်မယ်လို့ ထင်သားပဲ ရိုင်ယန်လိုင်းယ(န်)ရဲ့အမူအယာတွေမမှန်ကတည်းက ခရစ်ရဲ့ရည်းစား? ဘယ်လိုကလေးဆန်တဲ့အလိမ်အညာစကားလဲ ဟက်ဟက် ရှင်သဘောမတူလည်း ဒါက ရှင့်အတွက်ပဲလိုင်းယ(န်) ဒီညကစပြီး ကျွန်မတာဝန်ကျေရမှာပေါ့"

ရုတ်တရက်ပဲ သစ်ပင်အောက်က သူမက အငွေ့အဖြစ်ပြောင်းလဲသွားပြီး တစ်ခုခုမေ့ကျန်ခဲ့သည့်အလား လက်ဖျောက်တစ်ချက်တီးလိုက်ရာစားသောက်ဆိုင်ထဲက သည်းလက်ကိုဆွဲသောလူသည် လက်ထဲကအရက်ပုလင်းဖြင့် ကိုယ့်ခေါင်းကို ရိုက်ခွဲလိုက်၏။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now