အပိုင်း (7) Uni/Zawgyi

6.3K 318 29
                                    

ဘုရင့် သည်းဦးပန်
အပိုင်း(7)

"ကိုကို!"
"ယုံလား.... ကိုယ်မင်းကိုလာခေါ်တာ!"

လိုင်းယ(န်) သူမဆီသို့လက်တစ်ဖက်ကမ်းပေးလိုက်သည်။ သည်းသည် အမှောင်ထဲမှာတောက်ပနေတဲ့ကိုကို့ရဲ့ မျက်လုံးလှလှပြာပြာတွေကို ငေးကြည့်၍ ကိုကို့လက်ကိုလှမ်းဆွဲကာမတ်တပ်ရပ်လိုက်ပါသည်။

"သည်း ဒီမှာရှိနေတာ ဘယ်လိုသိတာလဲ"

မျက်ရည်တွေကို လက်ဖမိုးလေးနဲ့သုတ်ဖယ်ရင်း မေးလိုက်သည်။ လိုင်းယ(န်)သူမရဲ့ ဘီးဆွဲအိတ်ကိုလှမ်းဆွဲယူလိုက်၍

"မင်းအိမ်ကိုရောက်ခဲ့ပြီ အမ်....မင်းအခန်းပြောရမှာပေါ့ မင်းအခန်းထဲမှာဘာမှမရှိတော့ဘူး ကိုယ်လည်း မင်းအိမ်ပေါ်ကဆင်းသွားပြီလို့ ထင်လိုက်ပြီး ဒီကိုရောက်လာတာ မင်းက အမြဲ Busကားစီးတယ်လေ "

"အဟွန်း...."

သည်းငိုနေတဲ့ကြားကနေ ပြုံးရယ်မိသွားပြီး

"ကိုကိုက တကယ်ပဲ သည်းရဲ့ကယ်တင်ရှင်ကြီးလား "

လိုင်းယ(န်) သည်းရဲ့အိတ်ကို ကားနောက်ဖုံးထဲသို့ထည့်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေဆက်မပြောပဲ ကားပေါ်တက်သင့်ပြီ "

သည်းသည် နှုတ်ခမ်းလေးကို ထော်လိုက်ကာ
ကားထဲသို့ဝင်လိုက်၏။ လိုင်းယ(န်)ကားစထွက်သည့်အခါ သူမက

"ဒါနဲ့ သည်းကဘယ်မှာနေရမှာလဲ ဟို....လွန်းပြည့်လည်းမရှိဘူး !"

"ငါ့အိမ်!"

"ရှင်! ရှင် !"

မျက်လုံးဝိုင်းလေးနှင့် လိုင်းယ(န်)ကိုလှည့်ကြည့်ပြန်သည်။

"ဘာလဲ မင်းအတွက် ငါက နေစရာအိမ်ဝယ်ပေးရဦးမှာလား ဒါမှမဟုတ် ဟိုတယ်အခန်းငှားပေးရဦးမှာလား မင်းငါ့ဆီမှာအကြွေးသိန်း၄၀ကျော်ရှိတယ်နော် !"

သည်း မျက်နှာလေးကချက်ချင်းညှိုးသွားကာ

"သည်းက အဲ့လိုပြောတာမဟုတ်ပါဘူး ကိုကို့အိမ်ခေါ်သွားမယ်ဆိုလို့ ရင်ခုန်သွားတာ!"

မျက်လုံးလေးထောင့်ကပ်ပြီးခိုးကြည့်ကာပြောနေပြန်တဲ့ ဒီကောင်မလေးက တကယ်အသည်းယားဖို့ကောင်းလှသည်။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now