အပိုင်း (14) Uni/Zawgyi

6.1K 249 25
                                    

ဘုရင့်သည်းဦးပန်
အပိုင်း(14)

သည်းသည််နွေးထွေးလှသည့် ခြင်္သေ့ကြီးတစ်ကောင်ကို မကြောက်မရွံ့ပွေ့ဖက်ပြီးမှိတ်ထားသောမျက်ဝန်းများထဲမှ မျက်ရည်စတို့က ပါးပြင်မှတစ်ဆင့် ခြင်္သေ့အသွင်လိုင်းယ(န်)မျက်နှာပေါ်သို့....

"ဒီကျိန်စာကို သည်းကိုယ်တိုင် ဖြေဖျောက်ပေးပါ့မယ် ကိုကို!"

သည်းဖက်ထားသော ခြင်္သေ့တစ်ကောင်မှ အမွှေးအမျှင်တွေအားလုံးပျောက်ကွယ်သွားကာ ချောမောခံ့ညားတဲ့ယောက်ျားတစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်ကို
သည်းမျက်လုံးနဲ့တပ်အပ်မမြင်ခဲ့ရလျှင်
ဒါဟာ ဒဏ္ဌာရီပုံပြင်တစ်ပုဒ်လို့ပဲ ထင်နေမိမှာ
လောကကြီးက သိပ်လျှို့ဝှက်ဆန်းကျယ်တာပဲ
လိုင်းယ(န်)ဟာသည်းကိုဆွဲထူရင်း မတ်တပ်ရပ်လိုက်ကာပြုံးသည်။

ကိုကို ပြုံးပြတယ်? သိပ်ကြည့်ကောင်းတာပဲ ကိုကိုရယ် ကိုကိုကို့မပြုံးနိုင်စေတဲ့ အဲ့ဒီကျိန်စာကို သည်းကိုယ်တိုင် နင်းခြေပစ်မယ်။

"ကိုကို့ရဲ့ကျိန်စာက ဒီနှင်းဆီပန်းနဲ့ပက်သတ်နေတယ်မဟုတ်လား "

သည်းက မီးတောက်တွေကြားက သိပ်လှပသောပွင့်ဖက်ကားကားတွေနဲ့ရိုးတံရှည်ရှည်နှင်းဆီနီနီတစ်ပွင့်ကို လှမ်းယူဖို့ကြိုးစားသည်။

မီးတောက်တွေကြားထဲကနေလှမ်းကိုင်ဖို့ကြိုးစားတာတောင် သူမလက်မှာ ပူလောင်ခြင်းမခံစားရ။

"မလုပ်နဲ့......."

လိုင်းယ(န်) သူမလက်တွေကို ပြန်ဆွဲယူ၍ သူမ
ခန္ဓာကိုယ်ကို ထိန်းဖက်ထားလိုက်ချိန် နှင်းဆီပွင့်ဖက်တစ်ဖက်ဟာ ထိုမီးတောက်တွေထဲ ကြွေကျလေလျှင်

"ဘာဖြစ်လို့လဲ အဲ့ဒီနှင်းဆီပွင့်ကိုယူပေးရမှာမဟုတ်လား "

လိုင်းယ(န်) သူမကို ဝမ်းနည်းသောအကြည့်မျိုးဖြင့် ကြည့်ရင်း ဘယ်ဘက်သောရင်အုံမှာ အောင့်သက်စွာခံစားလာရသည်။

"အ....."

"ကိုကို....ဘာဖြစ်တာလဲ ကိုကို!"

လိုင်းယ(န်)ကအသံလည်းမထွက်နိုင်စကားလည်းမပြောနိုင် ခေါင်းသာခါရမ်းပြီးသူ့ရင်ဘက်ကို ဖိအုပ်ထားသောသူမလက်တွေကို အမြန်ဖယ်ပစ်၍ သူမလက်ကို ဆွဲကာ ထိုအခန်းထဲကထွက်ခဲ့ကြ၏။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now