၁၀

2.2K 251 34
                                    

(Zawgyi)
  
ညနေရောက်ခါနီးတော့ ရေပြင်အတွက် ညစာပြင်ရန်လုပ်ရသည်။

အရင်ဆုံး ကြက်သွန်အဖြူအနီကိုဆီသတ်ကာခရမ်းချဉ်သီးလှီးပြီးသားလေးကို ရောမွှေလိုက်၏။

ရေပြင်က အငန်စားတတ်တာမို့ ဆားလေးပိုထည့်ကာ ငါးဖယ်ခြစ်ပြီးသားကို လုံးမထားဘဲဒီတိုင်းထည့်ချက်လိုက်သည်။

ငါးဖယ်လက်ကြားယိုကျက်တော့မှ ဂေါ်ဖီ၊ပဲပင်ပေါက်နှင့်ဘဲသွေးရောကာ အစုံကြော်လိုက်၏။ပြီးတော့မှ ကြက်ဥချောင်းလေးကိုထပ်ကြော်ထားလိုက်သည်။

အရည်သောက်မရှိမှာဆိုးတာကြောင့်ဘူးသီးဟင်းချိုချက်ကာ ညစာအတွက်ပြင်ဆင်လိုက်၏။

သီချင်းလေးတညည်းညည်းနှင့် မနားတမ်းချက်လိုက်တော့ ညနေ၄ာနာရီခွဲနှင့် ချက်ပြီးသွားလေတော့ခပ်ဖွဖွပြုံးမိသည်။

၃နာရီလောက်ကတည်းကချက်တာမို့ ရေပြင်မလာခင်ကတည်းက ပြီးသွားပြီ။

ဟင်းနံ့တွေပေနေတာကြောင့် အခန်းထဲဝင်ပြီးရေချိုးဖို့လုပ်လိုက်သည်။

လူကလဲ ကောင်းနေပါပြီ။ အဖျားကမရှိတော့တာမို့ ရေချိုးတာကိစ္စမရှိတော့။ ရေပြင်လာရင် ပွစိပွစိလုပ်ဆိုးတာမို့ ခပ်မြန်မြန်ပဲချိုးပစ်ကာ အဝတ်အစားထူထူလေးဝတ်ထားလိုက်၏။

အချိန်က ၅နာရီတောင်ထိုးတော့မည်။

အခုထိပြန်မလာသေး ။ ကလေးမဟုတ်သော်လည်း တစ်ခုခုများဖြစ်နေသလားစိတ်ပူမိသေးသည်။

♥️ ♥️ ♥️ ♥️ ♥️ ♥️ ♥️

"ဟင်းတွေချက်ထားပြန်ပြီလားစွဲမက်"

သူပြောလိုက်တော့ မျက်နှာလေးကပြုံးစိစိလုပ်နေသေးသည်။

ဘယ်လိုပြောပြောမရပါလား ။ အလုပ်ကပြန်လာရုံရှိသေး စိုးရိမ်ရအောင်တအားလုပ်တာပဲ။

သူလဲ စွဲမက်ချက်ပေးသည့်ထမင်းပွဲကိုစားချင်သည်။ သို့သော် စွဲမက်ကဖျားထားတာမဟုတ်လား။

ကိုယ်မပူတော့ဘူးဆိုပေမဲ့ အရင်လို အင်အားပြန်ပြည့်သေးတာမဟုတ်။

ဒါကိုအရေးမကြီးတဲ့ဟာကို ကိုယ်တိုင်လုပ်နေသေး၏။

"မှာစားလို့ရတာကို"

ENOUGH Where stories live. Discover now