၂၁

2.2K 202 31
                                    

(Zawgyi)
  
"အမေသက်သာလား"

ပိန်သွယ်နေသည့် အမေ့လက်လေးကိုဆုပ်ကိုင်ကာဖြင့် ရေပြင်မေးလိုက်မိသည်။ အမေကတော့ သူ့ကိုလှည့်တောင်မကြည့်ပါ။

မျက်နှာကိုလွှဲပြီးအကြည့်တစ်ချက်မျှမစွန့်။အံကိုတင်းတင်းကြိတ်ပြီး ဝမ်းနည်းစိတ်ကိုတင်းခံနေသည့်အမေ့ကြောင့်ရေပြင် ခေါင်းငိုက်စိုက်ကျမိသည်။

"စွဲမက်ကို အမေသိတယ်မလား ၊ သူကတအားလိမ္မာတဲ့ကောင်လေးလို့အမေပြောဖူးတယ်လေ"

လှည့်ကြည့်လာသည့်အမေက မျက်ရည်တွေဝဲနေ၏။ ဆံပင်တွေကလည်း အနည်းငယ်ရှုပ်ပွနေသည့် အမေ့ပုံစံက လူမမာတစ်ယောက်အလား။

ရေပြင်ငိုချင်စိတ်ကိုထိန်းကာ အမေ့လက်လေးကိုဖွဖွလေးနမ်းမိပါသည်။

"ဘာလို့လဲအမေရယ် ၊  သူကလူကောင်းတစ်ယောက်ပါ"

"သိတယ် စွဲမက်ကိုငါ့သားလေးလိုသဘောထားတာငါမသိဘဲနေမလား ၊ ဒါပေမဲ့ မင်းနဲ့တော့သဘောမတူနိုင်ဘူးရေပြင်၊သူတင်မဟုတ်ဘူး တခြားကောင်လေးဆိုလဲငါသဘောမတူနိုင်ဘူး၊မင်းကို ပတ်ဝန်းကျင်ရဲ့ အလှောင်အပြောင်ခံဘဝကို ပြန်မရောက်စေချင်ဘူး!"

"အမေ ကျွန်တော်ခံနိုင်ရည်ရှိပါတယ်အမေရယ်"

"မင်းခံနိုင်ရည်ရှိပေမဲ့ငါမရှိဘူးရေပြင်ရဲ့!! ငါ့ကိုမသနားဘူးလား ငါအဲ့ဘဝကိုပြန်မရောက်ချင်တော့ဘူး ငါထပ်ရောက်ရင်ရူးလိမ့်မယ်သိလား!! မင်းမှတ်မိသေးလား မင်းအသက်၅နှစ်လောက်တုန်းက ငါတို့ သာမာန်ရက်ကွက်လေးမှာနေရတာကို"

ရေပြင်ခေါင်းညိတ်မိသည်။သူသိပါသည်။ဟိုအရင်တုန်းက သူတို့ဘယ်လောက်တောင်ဒုက္ခရောက်ခဲ့သလဲဆိုတာကို ။

ချမ်းသာသည့်အသိုင်းအဝိုင်းကနေ သူတို့သားအမိနှစ်ယောက်ကို နှင်ထုတ်ခဲ့သည့်အတွက်ကြောင့် စိတ်ဆင်းရဲကာ အကူအညီကင်းမဲ့ခဲ့ရသည်။

"အဲ့တုန်းက မင်းနဲ့အမြဲတမ်းဆော့ပေးတဲ့ သစ္စာဆိုတဲ့ ကောင်လေးကိုသိဦးမလား၊၊အဲ့ကောင်လေးသေသွားတုန်းက မင်းမေးခဲ့သေးတယ်လေ၊ဘာလို့သေခဲ့သလဲဆိုတာကို ၊ မင်းသိသေးလား၊ အေး အဲ့တာ ယောကျာ်းတစ်ယောက်နဲ့ကြိုက်မိလို့ ရှင်းလား ၊ ကောင်လေးက လိမ္မာတဲ့ကောင်လေး ၊ မိဘတွေက တားနေရက်နဲ့တခြားကောင်လေးနဲ့လိုက်ပြေးသွားတယ်၊ မိဘတွေဘယ်ရှာရှာမတွေ့ခဲ့ဘူး၊နောက်တော့ဆုံးပြီဆိုတဲ့သတင်းကိုကြားရတော့တာပဲ"

ENOUGH Where stories live. Discover now